“ကောင်းပြီ ကျွန်တော်တို့ ဒီနေ့ သမိုင်းသင်ခန်းစာတွေလည်း ပြီးသွားပြီ”။ လက်ချာဆရာကျန်းက သစ်သားတုတ်တံ[1]နှင့် စားပွဲပေါ် ကိုတောက်လိုက်သည်။ သူ၏ အမူအရာသည် လျှို့ဝှက်ဆန်းကြယ်သည့်ပုံပေါ်ကာ ပြောလိုက်၏။ “ကဲ အခု ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဧည်သည်ကို ကြိုဆိုကြပါစို့လား?”

ဤအပိုင်းတွင် ထုတ်လုပ်ရေးအဖွဲ့မှ လက်ခုပ်သံ effect ထည့်သွင်းနိုင်စေရန် အကုန်လုံး အသံမထွက်ဘဲ လက်ခုပ်တီးလိုက်ကြ၏။

"မင်္ဂလာပါ၊ ပရော်ဖက်ဆာကျန်း" နဥ်ရှီသည် တောက်တောက်ပြောင်ပြောင် ကျစ်လျစ်ကြော့မော့သော ဝတ်စုံဖြင့် တမင်လဲလှယ်ထား၏။ ပရော်ဖက်ဆာကျန်းအား ယဥ်ယဉ်ကျေးကျေး နှုတ်ဆက်အပြီးတွင်၊ သူ၏ဘေးတွင် ထိုင်လိုက်၏။

စတူဒီယို၏ ဒီဇိုင်းသည် ရှေးခေတ်လက်ဖက်ရည်ဆိုင်ပုံစံအား မှီငြမ်းထား​​ခြင်းဖြစ်သည်။ နဥ်ရှီနှင့် host အတွက် ပုံမှန်ခွက်များအစား ကြွေထည်ခွက်များကိုလည်း အစားထိုးပေးထားသေး၏။

"နဥ်ရှီရေ ကြိုဆိုပါတယ်ဗျို့" ပရော်ဖက်ဆာကျန်းသည် နဥ်ရှီနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး အဓိကအကြောင်းအရာဆီ မသွားခင် ဧည့်သည်များအတွက် သူ၏ပုံမှန်အဖွင့် လုပ်လိုက်၏။

"ကျွန်တော်ကြားဖူးတာတော့ မင်းက ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ဆို?" ပရော်ဖက်ဆာကျန်းသည် သူ၏ စားပွဲခုံပေါ်မှ စာရွက်တစ်ရွက်အား ယူလိုက်သည်။ "ကျိုးကျန်းချွမ်နဲ့တောင် ပြိုင်ပြီး ရှုံးတဲ့လူက cross-dressရမယ် လို့တောင် ကြားမိပါသေးသတဲ့ဗျာ"

[mm t/n-cross-dress= ဆန့်ကျင်ဖက်လိင်၏ အဝတ်အစားများဝတ်ဆင်ခြင်း]

"ကျွန်မက ဒီတိုင်းကံကောင်းသွားတာပါ၊ အဲ့မတိုင်ခင်က ခပ်ဆင်ဆင်မေးခွန်းတွေ လုပ်ဖူးလိုက်တယ်လေ" နဥ်ရှီသည် ပရော်ဖက်ဆာကျန်းထံမှ ရလိုက်သည့် A4စာရွက်ကို ကြည့်လိုက်သည်။ ထိုစာရွက်ထဲတွင် အလွန်တရာမှခက်ခဲသည့် သင်္ချာမေးခွန်းများ ပါဝင်နေ၏။သူမ ဟက်ဟက်ပက်ပက် ရယ်လိုက်ကာ "ရှင် ကျွန်မကို ဒီနေ့ စမ်းသပ်ဖို့များ ကြံနေတာလားရှင်?"

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️حيث تعيش القصص. اكتشف الآن