ပြောရမည်ဆိုလျှင် မိသားစုများ ပြန်တွေ့ချိန်ကို ကိုယ်စားပြုသည့် နွေဦးလယ်ပွဲတော်သည် အရေးကြီးသည့် ပွဲတော်လည်း ဖြစ်ပေသည်။

နဉ်ရှီသည် ဤရှိုးကို အရင်တုန်းက ကြားဖူးခဲ့၏။ သူတို့သည် နာမည်ကြီးများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သည့်နေရာတွင် နာမည်ကြီးလှသည်။ သို့ရာတွင် သူတို့ အတည်မပြုရသေးသည့် အတင်းအဖျင်းများသာ ဖြစ်ပြီး ထွက်ပေါ်သွားမည်ကို ကြောက်ရမည့် အရာမျိုးမဟုတ်ပါချေ။ ထိုအချင်းအရာသည် ရှိုးကို ကြောက်ဖို့ကောင်းလောက်အောင် အောင်မြင်သွားစေပြီး ထိုရှိုး၏ အမြင့်ဆုံးသည် သန်းထိရှိကာ အနိမ့်ဆုံးတွင်တော့ ၂-၃သိန်း ကြားထဲတွင်ရှိလေသည်။

သူမရှေ့ရှိ ရွှင်ရွှင်မြူးမြူး ခင်မင်စရာကောင်းပုံရသည့် လူငယ်လေးသည် ရှိုး၏ host ဖြစ်၏။ တကယ့်တကယ်တွင်တော့ ထိုကောင်လေးသည် နာမည်ကြီးများ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ရာတွင် တော်လွန်းလှသဖြင့် နာမည်အကြီးဆုံး celebrity များတောင် သူ့အား လေးစားသမှုတော့ ပေးရပေသည်။

နဉ်ရှီ ပြုံးလိုက်ကာ host နှင့် စကားပြောလိုက်ပြီး ဆုမွန်ကောင်းတောင်းပေးသည့် ဗီဒီယိုအတိုလေးတစ်ပုဒ် ရိုက်ကူးလိုက်လေသည်။ သိပ်မကြာခင်တွင်ပဲ “ပရော်ဖက်ဆာကျန်း၏ ပုံပြင်များ”မှ အဖွဲ့သားတစ်ဦး ရောက်လာကာ မကြာခင်ရိုက်ကူးတော့မည့် အကြောင်းပြောလာ၏။

“ရှီရှီက အလုပ်ရှုပ်နေတာဆိုတော့ ကျွန်တော် ဆက်ပြီးတော့ တွန်းအားမပေးတော့ပါဘူးဗျာ”။ ခပ်ရွှင်ရွှင် host က အဝတ်လဲခန်း၏ တံခါးကိုဖွင့်ပြီး နဉ်ရှီ ထွက်သွားတာကို မြင်လိုက်၏။ သူမ ထွက်သွားပြီးနောက်တွင် သူ့နောက်ရှိ ကင်မရာမန်းအား လှည့်ကာ ပြောလိုက်သည်၊

“ဒီအနုပညာစက်ဝန်းမှာတော့ EQမြင့်မြင့်ရှိတဲ့ နာမည်ကြီး နောက်တစ်ယောက် ပေါ်လာပြန်ပြီပဲ။''

ကင်မရာမန်းက ပြုံးသာပြုံးလိုက်ကာ ၊ ဘာမှတော့ပြန်မပြောခဲ့ပါချေ။

ထို Host လည်း စကားဆက်မပြောခဲ့ပေ။ အဆုံးတွင်တော့ လူတိုင်းတွင် သူ့နည်းသူ့ဟန်ဖြင့် ဤရပ်ဝန်းတွင် ကျင်လည်ဖို့ရန် နည်းလမ်းကိုယ်စီရှိကြပေသည်။ အကယ်၍ သူတို့ ကံမကောင်းအကြောင်းမလှဖြစ်ခြင်း သို့မဟုတ် စကားပြော မကျွမ်းကျင်ပါက ကျရှုံးသွားမှာသာ ဖြစ်သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now