“ဂွတ်မောနင်း...ဝိုး..ရှင့်မှာ အချက်အပြုတ်စွမ်းရည်ရှိလိမ့်မယ်လို့ ကျွန်မ,မထင်ထားဘူး” နဉ်ရှီက စားစရာတွေ၏ရနံ့လေးကို ရှူသွင်းလိုက်သည်။ ထို့နောက် မီးဖိုချောင်ဗီရိုထဲက ဓား,ဇွန်းခရင်း စသည့်ပစ္စည်းများကို ယူလိုက်သည်။ “ညကကောင်းကောင်းအိပ်ခဲ့ရလား?”

ဂုဏ်သတင်းကျော်စောတဲ့ ချန်းလုပ်ငန်းစု၏ဥက္ကဌက ဆိုဖာပေါ်မှာအိပ်ခဲ့ရတယ်။ ဘယ်သူက ဒါကိုသွားယုံမှာလဲ?

“အရမ်းအကောင်းကြီးတော့မဟုတ်ဘူး” ချန်းရှီကွေ့က နဉ်ရှီကို ရှက်ကိုးရှက်ကန်းကြည့်ပြီး ဟင်းပွဲများကို ထမင်းစားပွဲပေါ် တင်ထားလိုက်သည်။ “ကိုယ်အိပ်ပျော်နိုင်ဖို့အရေး အရမ်းအူမြူးသွားလို့ထင်တယ်”

နဉ်ရှီက ရေခဲသေတ္တာထဲမှ ယိုနှင့်နို့ကိုယူလိုက်ကာ စားပွဲပေါ်တင်ထားလိုက်ပြီး ချန်းရှီကွေ့ဘေးထိုင်လိုက်သည်။ “ရှင်ဆိုဖာမှာ အိပ်ရတာ အသားမကျလို့နေမှာပေါ့”

ပြောရမယ်ဆိုရင် ၆ပေကျော်မြင့်တဲ့ ယောက်ျားတစ်ယောက်အတွက် ဒီလောက်ကျဉ်းတဲ့ဆိုဖာမှာအိပ်ရတာ ဘယ်သက်တောင့်သက်သာရှိမှာလဲ?

“မင်းနဲ့သာ တစ်နေရာတည်းအတူရှိနေရမယ်ဆိုရင် ကိုယ် ကြမ်းပြင်ပေါ်မှာ ပျော်ပျော်ကြီး အိပ်ပစ်လိုက်မယ်” ချန်းရှီကွေ့က နို့ဗူးကိုဖွင့်လိုက်ပြီး ဖန်ခွက်ထဲလောင်းထည့်ကာ နဉ်ရှီရှေ့ချပေးလိုက်သည်။ “ပြီးတော့ မင်းရဲ့ဆိုဖာက အရမ်းကို နူးညံ့ပြီး သက်သောင့်သက်သာရှိပါတယ်”

“ကျွန်မရဲ့ကုမ္ပဏီကို ကျွန်မအပေါ်ကောင်းကောင်းဆက်ဆံပေးတယ်ဆိုပြီး ချီးမွမ်းနေတာလား?” နဉ်ရှီက နို့တစ်ကျိုက်သောက်လိုက်သည်။ “ဒါ့ဖြင့် ‌နောက်တစ်ခါကျရင် ရှင်ကြမ်းပြင်မှာပဲ အိပ်ပေါ့”

ချန်းရှီကွေ့ ရယ်လိုက်ပြီး လိုက်လျောဟန်နှင့် ပြော၏။ “ဟုတ်ကဲ့ပါဗျာ”

နဉ်ရှီက သူမ၏ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။ ထို့နောက် သူမ၏အရှေ့က sunny-side-upကို ဓာတ်ပုံရိုက်ပြီး Weibo တွင် ပို့စ်တင်လိုက်သည်။

နဉ်ရှီ: အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ! ဒီနေ့မှာ ကျွန်မကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာကို သုံးဆောင်နေပါတယ်! [ပုံ]

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Onde as histórias ganham vida. Descobre agora