“ကျေးဇူးတင်ပါတယ်..” နဉ်ရှီက စီစဉ်တင်ဆက်သူကို ကျေးဇူးတင်စကားဆို၍ ဆုကိုယူကာ သူမ၏ထိုင်ခုံသို့ ပြန်လာခဲ့လိုက်သည်။

‘Yunyue of the Han Dynasty’ ၏ Rating နှင့် Reviews များသည် အလွန်မြင့်မား၏။ သို့ဖြစ်၍ ‘အကောင်းဆုံးရုပ်ရှင်’ ဆုသည်လည်း ဒါရိုက်တာရှုထံသို့ ရောက်လာခဲ့သည်။ ကျိုးဟိုင်လီသည် ‘ဝေကျစ်ဖူ’အဖြစ် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သော် လည်း ဇာတ်လိုက်မင်းသား၏ ဘဝကိုသာ အလေးပေးသော ရုပ်ရှင်ဖြစ်တာကြောင့် ‘အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု’ မရခဲ့ပေ။ ‘အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု’ကို ‘ဧကရာဇ်ဝူ’အဖြစ် သရုပ်ဆောင်သော လျှိုကျန်းသုန်က ရသွားခဲ့သည်။

ဆုပေးပွဲအဆုံးသတ်သည်နောက် ‘Yunyue of the Han Dynasty’ မှ ‘အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု’၊ ‘အကောင်းဆုံးရုပ်ရှင်ဆု’၊ ‘အကောင်းဆုံးဇာတ်ညွှန်းဆု’၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု’နှင့် ‘အကောင်းဆုံးတေးဂီတဆု’ စသည်ဖြင့် ဆု ၅ ဆု ရရှိခဲ့လေ၏။

နဉ်ရှီအတွက်မူ ထိုရုပ်ရှင်ထဲမှ သူမ၏ဇာတ်ကောင်သည် ရှေးခေတ်အပြင်အဆင် ဝတ်စားထားသော မိန်းမလှလေးများနှင့် ပက်သက်သမျှ Post တိုင်းတွင် အဓိကပြယုဂ်တစ်ခု ဖြစ်လာတော့သည်။ ထိုမှ ပရိသတ်များစွာ ရရှိခဲ့လေသည်။

ဆုပေးပွဲကြီးပြီးနောက် ကျန်းချင်းယွင်က နဉ်ရှီအတွက် အင်တာဗျူးအချို့ စီစဉ်ပေးသည်။ ထိုမီဒီယာများသည် ကျို့ကျီဖျော်ဖြေရေးနှင့် ဆက်ဆံရေးကောင်းသောကြောင့် ထိန်းထိန်းသိမ်းသိမ်း မေးမြန်းကြ၏။ နဉ်ရှီကလည်း ကောင်းကောင်းမွန်မွန် ပူးပေါင်းပေးပြီး သတင်းရေးနိုင်သည့် အချက်အလက်များ ပံ့ပိုးပေးခဲ့သည်။ ထိုအတွက်ကြောင့် သတင်းထောက်များလည်း နဉ်ရှီအပေါ် အမြင်ကောင်းတိုးလာခဲ့သည်။

ထို့အပြင် သတင်းသမားတစ်ယောက်က Celebrities’ EQs  ဟူသည့်ဖိုရမ်ပေါ်တွင် Anonymous (အမည်မဖော်ပြဘဲ) ဆောင်းပါးတစ်ခု တင်ခဲ့သည့်အတွက် EQ မြင့်သော Celebrities စာရင်းတွင် နဉ်ရှီ ပါဝင်လာခဲ့သည်။

***

ဆုပေးပွဲမှပြန်လာပြီး အိမ်ရောက်သည်နှင့် နဉ်ရှီသည် ဆုတံဆိပ်နှင့်အတူ Selfie ရိုက်ကာ Weibo တွင် တင်လိုက်လေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Место, где живут истории. Откройте их для себя