ထိခိုက်နစ်နာသူက သူတို့မဟုတ်သလို၊ နာကျင်ခံစားခဲ့ရသည်မှာလည်း သူတို့မဟုတ်သောကြောင့် ကိုယ်ချင်းစာစိတ်မရှိဘဲ ‘အကျင့်သိက္ခာ’ဟူသော အရာကို လက်ကိုင်ဆွဲကာ တစ်ပါးသူကို လက်ညှိုးထိုးလျက် ရှေ့နောက်မစဉ်းစားဘဲ လက်လွတ်စပယ် ပြောဆိုနိုင်ကြလေသည်။ သူတို့ပြောလာသည့် စကားလုံးများက လူတစ်ယောက်၏ အသက်ကိုပင် သေစေနိုင်သည်အထိ။

တကယ်တော့ ထိုလူများဟာ တခြားသူ၏သွေးဖြင့် စွန်းထင်းနေသော ပိုင်မုန့်ကိုကိုင်ကာ ဘာမှမဖြစ်သလို အားပါးတရ ကိုက်စားနိုင်ကြသော လူစားများပင်။

ထိုကိစ္စဖြစ်ပြီးနောက် အင်တာနက်ပေါ်မှ လူတော်တော်များများသည် နဉ်ရှီလို လူထုပြယုဂ်တစ်ဦးက ဆတ်ဆတ်ထိမခံဘဲ အငြိုးကြီးလွန်းသည်၊ နောက်မျိုးဆက်များကို လမ်းလွဲစေလိမ့်မည်ဟူ၍ စွပ်စွဲပြောဆိုခဲ့ကြသည်။

တချို့လူသိများသော Weibo Accounts များဆိုလျှင် ‘နဉ်ရှီလို စာတတ်ပေတတ် သရုပ်ဆောင်တစ်ယောက်လည်း တခြားမိန်းမတွေလို ကြက်အစာအိမ်နဲ့အူကို ကြောက်တတ်တာပဲလား..’ ဟူ၍ပင် ပြောဆိုလာကြ၏။

(TN : ‘ကြက်အစာအိမ်နဲ့အူကို ကြောက်တယ်’ဆိုတာ ဘာမဟုတ်တာလေးကို သည်းမခံဘဲ ပုံကြီးချဲ့နေတယ်လို့ ပြောတာပါ။)

နဉ်ရှီကပဲ ခွင့်မလွှတ်နိုင်လောက်သည့် ပြစ်မှုအကြီးကြီးတစ်ခု ကျူးလွန်ထားသလိုလို၊ အဆက်မပြတ် ဆဲရေးခဲ့ကြလေသည်။

သို့သော် ပြည်သူလူထု၏ အမြင်က တကယ့်ကို ထက်ရှလွန်းသည်။ သင့်တင့်မျှတသော သုံးဖက်တွေးအမြင်ဖြင့် ဉာဏ်လည်း ကောင်းကြသောကြောင့် သိပ်မကြာခင်မှာပင် တစ်စုံတစ်ယောက်က ရေတပ်ငှားကာ နဉ်ရှီကို ရည်ရွယ်ချက်ရှိရှိ နာမည်ဖျက်နေခြင်းဖြစ်ကြောင်း သတိထားလာမိ၏။

သူတစ်ပါးကို ဖျက်လိုဖျက်ဆီးလုပ်ရန်အတွက် အနိုင်ကျင့်ခံရသည်ကို မသိကျိုးကျွန်ပြုကာ အခွင့်ကောင်းယူရက်သော၊ ရေတပ်ငှားနိုင်သေးသော ထိုလူစားမျိုးကြောင့် လူအများ ဆွံ့အသွားကြရသည်။

ထပ်ခါထပ်ခါ ကျောင်းတွင်းအနိုင်ကျင့်ခံခဲ့ရသော နစ်နာသူတစ်ယောက်က လူရှေ့ထွက်ကာ Speak Out လုပ်နေသည့်အချိန် လူအတော်များများ အသံတိတ်နေခဲ့ကြသည်။ မည်သူမှ နစ်နာသူကိုယ်စား ဝင်ခွင့်လွှတ်ပေး၍မရသလို၊ နစ်နာသူကိုလည်း အတင်း ခွင့်လွှတ်ခိုင်း၍ မရပါချေ။ အဘယ်ကြောင့်ဆိုသော် နစ်နာသူတစ်ယောက် မည်သို့သောဖြစ်ရပ်မျိုး တွေ့ကြုံခဲ့ရလဲဆိုတာ မည်သူမျှ မသိနိုင်သောကြောင့်ပင်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now