"ဘာ..ဘာမှမဖြစ်ပါဘူးကွယ့်"

ဦးဘုန်းမင်းညိုသိလိုက်ပါပြီ။ထက်စန္ဒာတစ်ခုခု လုပ်ထားသည်ဆိုတာကို။သို့သော် ဒီလိုကိစ္စတွေဟာ ဖြစ်နေကျဖြစ်ပြီး ခွန်းတကိုသာမထိရင် ဘာမှမဖြစ်သည်မို့ ပုံမှန်လိုသာဝင်လာခဲ့လိုက်သည်။

ခြံထဲရောက်သည်နှင့်အရင်ရှာမိသည်ဟာခွန်းတ။
သိပ်တောင်မရှာလိုက်ရ တွေ့ပါပြီ။ဒန်းလေးပေါ်တွင်ထိုင်ကာ ဦးဘုန်းမင်းညိုကို ကျောပေး၍ စာကလေးငှက်တစ်ကောက်ကို လက်ကလေးအုပ်ကာ တိုးတိုးတိတ်တိတ် စကားတွေပြောနေလေသည်။ထိုကလေးဆန်သော အပြုအမူကြောင့် ခံစားလိုက်ရတဲ့ခံစားချက်ဟာ နွေးထွေးလွန်းလို့ အပူရှပ်မှာတောင် ကြောက်ရသည်။အနားသွားကာ နီညိုရောင်ဆံနွယ်လေးတွေကို ဆုပ်ကိုင်ကာနမ်းကြည့်တော့ မကြိုက်သလိုတွန်းဖယ်လာခဲ့သည်။

လှည့်ကြည့်လာတဲ့ မျက်နှာလေးအထက် အကျည်းတန်သော အညိုအမဲစွဲရာတွေနှင့်လက်သည်း‌ရာတွေ ထင်နေခဲ့သည်။
ရုတ်တရက်ရင်ထဲမှ စောင့်တက်လာတဲ့
ဓားထိုးခံရသလို နာကျင်မှုကြောင့် ဘာစကားမှတောင် မပြောနိုင်ခဲ့။ထိုလူသားကတော့ ဘာမှမဟုတ်သလိုပင် နဂိုအတိုင်း အူလည်လည်မျက်ဝန်းလေးဖြင့် သူ့ကိုကြည့်တုန်း။

ဒေါသထွက်လွန်းလို့ နားထင်‌ကြောတွေပင်ထနေသည်ကို ထိန်းကာ ခွန်းတလန့်မသွားစေရန်
အတတ်နိုင်ဆုံး လေသံအေးအေးဖြင့် မေးသည်။

"ခွန်းမျက်နှာပေါ်ကဟာတွေကို
ဘယ်သူလုပ်တာလဲ"

"မပြောချင်ဘူး"

တစ်ဖက်သို့ အေးစက်စက်ဖြင့် မျက်နှာလှည့်သွားသော ခွန်းတ။ဟုတ်တယ်လေ ဒီကိစ္စကိုသူဘယ်လိုပြောပြရပါ့။ရပ်ကွက်ထဲက ဂျီးတော်ကြီးတွေ ရိုက်လွှတ်လိုက်တာလို့ပြောရင် သူ့ယောက်ျားသိက္ခာကျရအုံးမည် ┐⁠(⁠ ⁠˘⁠_⁠˘⁠)⁠┌

ထိုသို့ပြန်ဖြေသော်လည်း ဦးဘုန်းမင်းညိုစိတ်မကွက်။ခွန်းတဟာ ကြင်နာတတ်လွန်း၍ တစ်ဖက်လူဘာမှမဖြစ်စေရန် ကာကွယ်ပေးသည်လို့ဘဲ ဖြည့်တွေးလိုက်၏။သို့ထက် တစ်ဖက်လူဆိုတာ ထက်စန္ဒာမှန်းသိနေသည့် တိုင်အောင်ပေါ့။
ခွန်းတကမပြောချင်တော့ မျက်နှာနုနုထက်မှာ ဒဏ်ရာတွေကို လျစ်လျူရှုကာ ဘေးနားတွင်ဝင်ထိုင်တော့ ဒန်းထောင့်စွန်းလေးကိုဘက်ကို ကပ်သွားသောအပြုအမူ‌လေးဟာ သိပ်မသိသာသော်လည်း ရင်နာရသည်။

ခွန်းတခြန္းတ(ongoing)Место, где живут истории. Откройте их для себя