ဒီလိုအရာမျိုးက ဖျော်ဖြေရေး‌နယ်ပယ်မှာ အရမ်းအဖြစ်များပြီး ဒါက သာမန်အချက်လို ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ လူတိုင်းက ဒါကို တိတိပပသိပြီး တခြားသူတွေကို ရှင်းပြမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အမျိုးသားဇာတ်ဆောင်ရဲ့ အမြင့်ခုန်တက်လာတဲ့ အရှိန်နှုန်းက သံသယဖြစ်စရာပါပဲ။ သူ့လက်ထဲမှာ ထိပ်တန်းအရင်းအမြစ်တွေကို ကိုင်ထားတယ်။ သူ့ရဲ့ကိုယ်ပိုင်မိသားစုနောက်ခံက လျို့၀ှက်ဆန်းကြယ်လာတာကြောင့် သူနဲ့သက်လတ်ပိုင်းအမျိုးသမီးရဲ့ ဆက်ဆံရေးက မူလပိုင်ရှင်ကို သံသယဖြစ်လွယ်စေခဲ့တယ်။

တကယ်တော့ လူလတ်ပိုင်းအရွယ်အမျိုးသမီးက အမျိုးသားဇာတ်ဆောင်ရဲ့ အဒေါ်ပါ။

ဒါပေမယ့် မူလပိုင်ရှင်က မသိခဲ့ဘူး။ တစ်ဖက်မှာ သူမက အမျိုးသားခေါင်းဆောင်ရဲ့ မူလဇာစ်မြစ်နဲ့ သူ့ရဲ့ "ညစ်ပတ်တဲ့" ကျော်ကြားမှုသမိုင်းကြောင်းကို မကြိုက်ပေမယ့်လည်း တစ်ဖက်မှာတော့ သူ့ရဲ့မျက်နှာနဲ့ စိတ်နေစိတ်ထားကြောင့် သူမကို လွန်စွာစွဲဆောင်သွားခဲ့တယ်။

အမျိုးသားဇာတ်ဆောင်ရဲ့ မျက်နှာက အရမ်းထူးထူးခြားခြားပါပဲ။ ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံး ဒါမှမဟုတ် တစ်နိုင်ငံလုံးမှာတောင် ဘယ်သူကမှ သူ့ကို ရုပ်ရည်ချင်း မယှဉ်ပြိုင်နိုင်ပါဘူး။

ဒါကြောင့် မူလပိုင်ရှင်က ချောမောတဲ့ မျက်နှာကို လေးလေးနက်နက် စွဲလမ်းနေစဉ်မှာ သူမက ဇာတ်လိုက်ကို ဝန်မခံပဲမနေနိုင်ခဲ့ဘူး။

မထင်မှတ်စွာနဲ့ပဲ သူမ ဝန်ခံပြီးတာနဲ့ အောင်မြင်ခဲ့တယ်။

ဝန်ခံမှုအောင်မြင်ပြီးနောက် သူမရဲ့နှလုံးသားက ပိုရှုပ်ထွေးလာပြီး စိတ်မသက်မသာဖြစ်လာခဲ့တယ်။

ရဖို့လွယ်ကူလွန်းတာကြောင့် သူက အနည်းငယ်ပိုဆိုး၀ါးတယ်လို့ ခံစားရတယ်။ မ
မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှုကနေ ရရှိလာတဲ့အရာကသာ မြတ်နိုးတန်ဖိုးထားဖို့ လုံလောက်မှာပါ။

ဇာတ်လိုက်ကို လိုက်ဖို့က သူမအတွက် လွယ်ကူလွန်းခဲ့တာကြောင့် အမျိုးသားခေါင်းဆောင်နဲ့ပတ်သက်တဲ့ မူလပိုင်ရှင်ရဲ့ အတွေးအမြင်တွေက ပိုရှုပ်ထွေးလာခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now