ယွီခိုင်း၏ MarySue စွန့်စားခန်းများ - ၁

2.5K 243 25
                                    

ယွီခိုင်း၏ MarySue စွန့်စားခန်းများ - ၁

''အဲ့တာကလေ ဟို.... '' ကောင်မလေးသည် ရှက်သွေးဖြာလျက် သူ့မျက်နှာလေးထက်တွင် အကူအညီမဲ့နေသည့်ပုံစံလေး ဖြစ်နေပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှာ သတ္တိစုလိုက်ပြီး သူ့နှလုံးသားထဲ အချိန်တွေအကြာကြီး သိုဝှက်ထားခဲ့ရသော စကားစုကိုထုတ်ပြောလိုက်သည်။

'' စီနီယာ တုန်ဖန် ကျွန်မ စီနီယာ့ကို ချစ်တယ်! ''

သူ(မ) ရှေ့တွင် ရပ်နေသူက '' လူတွေ တိုက်ရိုက်မကြည့်ဝံ့သည်အထိ ချောမောခံ့ညားလှပါသော အပြာရောင်ဆံနွယ်ရှည်တို့ဖြင့် '' လူချောတစ်ယောက် ဖြစ်သည်။ '' သူ့ကိုယ်နှုတ် အမူအရာတိုင်းက ခြွင်းချက်မရှိ ကျက်သရေရှိစွာ ကြော့မော့ နေပြီး သူ၏ ကြင်နာနူးညံ့လွန်းကာ လူကြီးလူကောင်းဆန်လွန်းသည့် ပြုမူပြောဆိုပုံက လူတစ်ဖက်သားကို အလွန်တရာ သ​က်တောင့်သက်သာ ဖြစ်စေလေ၏။'' ဤလူက စိန့်မေရီတော်ဝင်ကောလိပ်ကျောင်း၏ နတ်ဘုရား တုန်ဖန်ချူဖုန်း ပင်ဖြစ်တော့၏။

တုန်ဖန် ချူဖုန်း ဆိုသည့် လူအကြောင်း ပြောရလျှင် ကမ္ဘာသိ တေးသံရှင် အဖိုး၊ စန္ဒယားပညာရှင် အဖေ နှင့် တယောပညာရှင် အမေ တို့အကြောင်းမှ စရလိမ့်မည်။ ထင်ရှား ကျော်ကြားသည့် ဂီတပညာရှင် မျိုးရိုးတွင် မွေးဖွားလာခဲ့သည့် တုန်ဖန်ချူဖုန်းသည်လည်း ဂီတနယ်ပယ်တွင် ပါရမီရှင် တစ်ဦးဖြစ်၏။ အသက် ၁နှစ်တွင် သီချင်းလိုက်ညည်းတတ်နေခဲ့ပြီ ဖြစ်ကာ ၊ အသက်၂နှစ် အရွယ်တွင် စန္ဒရား တီးခတ်တတ်နေပြီ ဖြစ်သည်။ အသက် ၃နှစ်တွင် သီချင်းရေးစပ်တတ်နေခဲ့ပြီ ဖြစ်ကာ အသက် ၇နှစ်အရွယ်တွင် *ဗီယင်နာရွှေခန်းမ၌ ဖျော်ဖြေပွဲ ကျင်းပနိုင်ခဲ့၏။
*ဩစတေးလျ၊ ဗီယင်နာ မြို့မှာရှိတဲ့ တေးဂီတဇာတ်ရုံပါ ၊အဲ့မှာ ဖျော်‌ဖြေခွင့်ရဖို့က ဂီတပညာရှင်တိုင်းရဲ့ အိပ်မက်ပါပဲ

ထိုသို့ ပြီးပြည့်စုံသည့် လူနှင့် ဆုံရသည့်အခါ တော်ဝင်အလှတရား မုန်လဲ့ လီရှန်း.ရိတိ.ချန်လင်.ယင်ရှီ ယာရွှယ် ပင်လျှင် သူ့ကို ကျရှုံးသွားသည်က အံ့ဩစရာ မဟုတ်တော့။ ယာရွှယ်၏ မွေးမိခင်က ဥရောပတော်ဝင်မိသားစု၏ တိုက်ရိုက် နန်းမွေခံ မင်းသမီးတစ်ပါး ဖြစ်ကြောင်း မင်းသိရမည်။ သူ(မ) သည် မွေးကထဲမှ ဧကပေါင်း ထောင်ချီကျယ်သည့် နန်းတော်ကြီး ပိုင်ဆိုင်ခဲ့ကာ သောင်းချီသော အိမ်စေများနှင့် ကိုယ်ရံတော်များ ၊သူ(မ) ဟိုဒီသွားဖို့ရာ ရာပေါင်းများစွာသော ဇိမ်ခံကားများ ပိုင်ဆိုင်ပေ၏။ နေ့တိုင်း သူ(မ) သည် ပန်းမျိုးစုံအပြည့်နှင့် ငှက်တေးသံတို့ နားဆင်နိုင်ရာ အလွန်တရာ ကျယ်ဝန်းလှသည့် ဖန်လုံအိမ်တွင် အိပ်စက်၏။ သူမ စားသည့် အစားအစာများသည်လည်း ကမ္ဘာအနှံ့မှ တင်ပို့သည့် ပစ္စည်းများ ဖြစ်ပြီး ရွှေချောင်းများစွာ ကုန်ကျလေ၏။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now