ARC 8.1 (ABO World...မာရှယ်၏ဒုက္ခများ)

5K 640 54
                                    

ARC 8.1

အနက်ရောင်လည်သာ ဆိုဖာပေါ်တွင် ညအိပ်ဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် ပျင်းတိပျင်းရွဲပုံစံနှင့် ကျောမှီထား၏။သူ၏ ခပ်တိုတိုအနက်ရောင်ဆံပင်တို့က သူ့၏ အသွင်ကို ပို၍တည်ကြည်ထက်ရှစေသည်။ထိုစဥ် သူ၏နဖူးပြင်ကမူ အနည်းငယ်ပျူငှာဖော်ရွေပုံပေါက်စေ၏။မျက်လုံးများကို မှေးကျဥ်းကာ သူ၏ မျက်စိရှေ့တွင်ရှိသော အဖြူရောင်နံရံထက်သို့သာ စူးစိုက်ကြည့်နေ၏။

တခဏ ကြာပြီးနောက်မှသာ သူသည် ခေါင်းကိုမတ်ကာ သူ့ဘေးတွင်ရှိနေသာ ငယ်သားတစ်ယောက်ကိုကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံနှင့် မေးလိုက်သည်။
''မင်းပြောလိုက်တာက..အဲ့ omega မိန်းမက ဘာဖြစ်တယ်?''

ယူနီဖောင်းနှင့် စစ်သားသည် မသိစိတ်၏စေ့ဆော်ရာအတိုင်း နောက်သို့ခြေတစ်လှမ်းဆုတ်မိသွားပြီးမှ အသံကိုမြှင့်ကာပြောလာ၏။
''သတင်းပို့ပါတယ် Sir! ထရေစီ ရပ်စဲလ် ထွက်ပြေးသွားပါတယ်! ကျွန်တော်တို့ရဲ့ တွက်ချက်မှုအရ သူအခု ပင်မဂြိုလ်ကနေ ထွက်သွားလောက်ပြီး ဖြစ်လောက်ပါတယ်!''

သူသည် နှာမှုတ်လိုက်ရင်း သူ့မျက်ဝန်းများက အထင်သေးစက်ဆုပ်မှုတို့ အထင်းသားဖော်ပြနေ၏။
''တကယ့်ကို နိမ့်ကျတဲ့လူတွေမှန်း သိသားချက်! သူတို့လုပ်သမျှက လူကြားထဲ ချပြလို့မကောင်းတဲ့ အရာတွေချည်းပဲ! စတီဗင် ရောဘာပြောလဲ?အဲ့ ထွက်ပြေးသွားတဲ့omega နဲ့ပတ်သတ်ပြီး သူဘယ်လိုလုပ်မယ်တဲ့လဲ?''

စစ်သားသည် သတိအနေအထားဆွဲ၍ ပြန်ဖြေလာသည်။
''သတင်းပို့ပါတယ် Sir!ဂျန်နရယ် အီဗန် ​ပြောတာက သူအဲ့အမျိုးသမီးကို ကိုယ်တိုင်သွားရှာပြီး ပြန်ခေါ်မယ်တဲ့! လက်ထပ်ပွဲကို အချိန် အတိုင်းတာ တစ်ခုထိရွှေ့ဆိုင်းထားမယ်တဲ့''

ထိုလူ၏ အေးစက်သောမျက်ဝန်းများက ဖျပ်ခနဲလက်သွားပြီး ဒေါသနှင့်အတူ ရယ်မောလာ၏။
''ဒီကောင်က လူတွေရဲ့ အမြင်ကို လုံးဝဂရုမစိုက်တဲ့ပုံပဲ! ကောင်းတယ်! သိပ်ကောင်းတယ်! သူ ဘယ်လိုအဆုံးသတ်မလဲ စောင့်ကြည့်ရသေးတာပေါ့!''

လေထုက ချက်ချင်းအေးခဲသွားပြီး စစ်သားလေး၏ နဖူးပြင်မှ ချွေးစေးများ တစ်တောက်တောက်စီးကျလာသည်။သူ့ရှေ့မှ လူက ပြည်ထောင်စုရဲ့ ထိပ်တန်းမာရှယ်လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မာရှယ်အိုင်ဗန်လော့စန်း လေ!ပြည်ထောင်စု တပ်မတော် ရဲ့အသန်မာဆုံးသောတိုက်ခိုက်ရေး တပ်စုရဲ့ထိပ်တန်းတစ်ယောက် အနေနဲ့မာရှယ်ရဲ့ စိတ်က သိပ်ကောင်းလှတာမဟုတ်ဘူး!အထူးသဖြင့် ခုလိုအခြေအနေက ပေါက်ကွဲခါနီး တဲတဲလေးမှာ!

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now