ARC 5.1 (ဒေါက်တာကိုကို)

8K 916 32
                                    

ARC 5.1

အချိန်သည်ကား တရွေ့ရွေ့ စီးဆင်းသွားချေပြီ။မျက်စိတစ်မှိတ်အတွင်းမှာပင် အနှစ်20ကျော်သည်ကား ကုန်လွန်သွားခဲ့ချေပြီ။

လျူဝမ်ယာ နှင့် ပိုင်ဟော်တျန်းသည် တာအိုလက်တွဲဖော်များ ဖြစ်လာခဲ့ပြီးနောက် ''မကောင်းသူပယ် ကောင်းသူကယ်'' ရန် ဆုံးဖြတ်ခဲ့ကြသည်။ဒုတိယဇာတ်လိုက်သည် ဇာတ်လိုက်လောက်တော့ မစွမ်းဆောင်နိုင်သော်ငြား သူသည် သူ၏ကိုယ်ပိုင်ရပ်တည်ချက်အား သေချာပေါက်မယိုင်လဲအောင် ဆုပ်ကိုင်ထားနိုင်စွမ်းတော့ ရှိပါ၏။သူတို့သည် သူတို့၏အမတသခင် စုံတွဲဟူသော ဂုဏ်ပုဒ်ကို ဖုံးကွယ်လျစ်လျူရှု၍ သေမျိုးလောကတစ်လွှား လှည့်လည်သွားလာကြတော့သည်။

အလွန်စွမ်းအားကြီးလှပါသော အတိဒုက္ခကပ်ဘေးဖြတ်ကျော်လုနီးအဆင့် ရွှီမော့ယန် ကြောင့်ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါသော မိစ္ဆာအရှင် ဟုန်ဝူ သည် သူ၏ဒဏ်ရာများ ပြန်ကောင်းလာသည်နှင့် တဖန်ပြန်ပေါက်ချလာတော့သည်။

သည်တစ်ကြိမ်တွင်တော့ ထိုနေ့သည် တိုက်တိုက်ဆိုင်ဆိုင် ရွှီမော့ယန် တံခါးပိတ်ကျင့်ကြံသွားသည့် နေ့ဖြစ်နေ၏။ရွှမ်တျန်းဂိုဏ်း၏ တစ်စုံတစ်ယောက်မျှ မိစ္ဆာအရှင်၏ပြိုင်ဘက် မဟုတ်သည့်အတွက် သဘာဝကျစွာပင် စဥ်းတီတုံးပေါ်မှ သိုးငယ်လေးများ ဖြစ်သွားရှာတော့သည်။

သည်တစ်ကြိမ် လော့ရှားတောင်သခင် လင်ယွမ်သည် ရဲရဲဝံ့ဝံ့ရှေ့မှ မားမားမတ်မတ်ရင်ဆိုင်ပေးခဲ့သည်။သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအား အကုန်အားအဖိုးအခ အဖြစ်အသုံးပြုလိုက်ပြီး ကောင်းကင်ဘုံမီးတောက်အား ဆင့်ခေါ်၍ မိစ္ဆာအရှင်နှင့်အတူ သူကိုယ်တိုင်ပါ လောင်ကျွမ်းပျက်စီးစေခဲ့သည်။

ဟုန်းဟုန်းထနေသော အနက်ရောင်မီးတောက်များအလယ် သူ၏အသက်စွမ်းအင်များ တဖြည်းဖြည်း အားနည်းပြိုကွဲလာကြောင်း ​ဖန်ယွမ်ခံစားမိသည်။ထိုခဏ ယန်ကျွေ့အား အရင်ထွက်သွားခိုင်းလိုက်မိသည့်အတွက် အလွန်ပင်ဝမ်းမြောက်နေမိသည်။မဟုတ်လျှင်တော့ ထိုသူဤမြင်ကွင်းအား မြင်လိုက်ရလျှင်လုံးဝ သည်းခံနိုင်လိမ့်မည်မဟုတ်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now