ARC2-1(အနုပညာလောက တိုက်ပွဲများ)

17K 1.6K 46
                                    

ARC2-1 အနုပညာလောက တိုက်ပွဲများ

"1, 2, 3! Look to the Star'' အစီအစဥ်က ပြည်တွင်းတွင် နာမည်ကျော်လူကြိုက်များလှသည်။တင်ဆက်သူ စုန့်ရိမင် ကလဲ တကယ့်ကို ဝါရင့်သဘာရင့် တစ်ယောက်။သူသည် အနုပညာလောကတွင် တကယ့်ကို အရေးကြီးသော လူတစ်ယောက်အဖြစ်မှတ်ယူနိုင်ကာ အဆက်အသွယ်များစွာရှိလေ၏။သို့အတွက်.....အနုပညာလောကရှိ လူတိုင်းက သူ့အား လေးစားစွာဖြင့်''စုန့်-လောင်ရှီး'' ဟု နှုတ်ဆက်လေ့ရှိကြသည်။

အစီအစဥ်တက်ဆက်စဥ် အတောအတွင်း သူသည် အခြေခံစည်းများကို လိုက်နာသော်လဲ သင့်တော်သည်ဟု ထင်ပါက သူ၏အမြင်အတိုင်းဖော်ပြလေ့ရှိကာ သူ့စိတ်ကူးအတိုင်း သူပြောလေ့ရှိသည်။သူသည် အချိန်ကွက်တိရောက်လာလေ့ရှိကာ....အထူးပြင်ဆင်မှုများမလုပ်သည့်အပြင်....လူသစ်တစ်ဦးကဲ့သို့.......ဒိုင်ယာလော့်များ ကိုလဲ ဖတ်ရှုခြင်းမပြုပေ။ဒီတစ်ကြိမ်ကတော့ တကယ့်ကို မကြုံစဖူးထူးကဲသည်ဟုဆိုရမည်။သူသည် နှစ်နာရီ ကြိုရောက်နေသည့်အပြင်....ဒါရိုက်တာ ဆီမှဇာတ်ညွှန်းကို ယူကာ.....စာမေးပွဲဖြေခါနီး ကျောင်းသားတစ်ယောက်ပင်....ကြိုးကြိုးစားစား ထပ်ခါထပ်ခါ အလေးအနက် ဖတ်ရှူနေ၏။

ထန်လင်...သည် ဖွင့်ပွဲ တွင် ကရမည့် Dancerများထဲမှ တစ်ယောက်ဖြစ်သည်။သူမသည် Z-list သရုပ်ဆောင်တစ်ယောက်ဖြစ်ကာ.....ဖြစ်ဖြစ်မြောက်မြောက်နေရာမှ သရုပ်မဆောင်ရဘဲ တစ်နှစ်ပါတ်လုံး ဟိုဟိုဒီဒီပြေးလွှားနေရသော်လဲ...အလျှော့မပေးဘဲ ကျရာဇာတ်ရုပ်ကို အပတ်တကုတ် ကြိုးစားသရုပ်ဆောင်လေ့ရှိသည်။ဒီတစ်ကြိမ်တွင် မိန်းကလေးတစ်ယောက် ချော်လဲကာ ခြေထောက်ဒဏ်ရာ ရသွားသည့်အတွက်.....တန်လင် ၏အေဂျင့် က သူမအား အစားထိုးအဖြစ် ခေါ်လာခြင်းဖြစ်သည်။

နာမည်ကြီးစတား စုန့်ရိမင် လို လူမျိုးကို ချက်ချင်းတွေ့လိုက်ရမယ်လို့ ဘယ်သူထင်ထားမှာလဲ??သူမသည် စိတ်လှုပ်ရှားစွာဖြင့် ဘေးနားရှိမိန်းကလေးအား တီးတိုးကပ်ပြောလိုက်သည်။
"ဒီလောက်နာမည်ကျော်လူကြိုက်များတဲ့ တင်ဆက်သူ က အစောကြီးရောက်ပြီး အလေးအနက်ပြင်ဆင်နေတယ်!!စုန့်လောင်ရှီး ကတော့ တကယ့်ကိုပဲ အလုပ်ကို လေးစားလှချည်လား??''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now