ARC 5.6

5.2K 777 19
                                    

ARC 5.6

ဖန်ယွမ်သည် ယန်ကျွေ့၏စကားများဖြင့် ပြင်းထန်စွာရိုက်ခတ်ခံလိုက်ပြီး ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိလာတော့သည်။ ဇာတ်ညွှန်းက ခုထိတောင်မစသေးဘူး! ! ဇာတ်လိုက်မတောင် ပေါ်မလာသေးဘူးလေ ဇာတ်လိုက်က ဘယ့်နှယ့်ကြောင့် ကွေးသွားရတာလဲလို့?!

သူသည် ရှောင်ဝူအား အမြန်ပင်ပြောမိပြောရာပြောချလိုက်သည်။
''ရှောင်ဝူရေ ဒီတစ်ခေါက်ကိစ္စက ငါနဲ့လုံးဝမဆိုင်ဘူးနော်!!!''

ရှောင်ဝူ : ''ဒင်..............''

ယန်ကျွေ့၏ နှုတ်ခမ်းများသိသိသာသာကွေးတက်သွားသည်။ သူ၏လက်ချောင်းများသည် ဖန်ယွမ်၏အနည်းစွတ်စိုနေသော ဆံနွယ်များထဲ ပြေးလွှားနေဆဲဖြစ်ပြီး သူစကားပြောလိုက်သည့်အချိန်တွင်မူ အသံကအလွန်စိတ်ထိခိုက်ညှိုးငယ်နေပုံရသည်။
''အွန်းး ဒီတစ်ကြိမ်ကမင်းနဲ့တော့မဆိုင်ဘူး!!ဒါပေမဲ့နောက်ဆုံးတွက်ကြည့်လိုက်ရင် မင်းနဲ့ဆိုင်သွားပြန်ရော!!''


ဖန်ယွမ်သည် မျက်မှောင်ကြုံလိုက်ရင်း ယန်ကျွေ့၏ မရိုးမသား လက်များကို ရိုက်ထုတ်လိုက်သည်။
''ဘာကိုဆိုလိုတာလဲ?''

ယန်ကျွေ့ ပြောလာ၏။
''မင်းလဲသိမှာပါ ကမ္ဘာတစ်ခုစီတိုင်း၏ ဇာတ်ကွက်က ပြီးဆုံးသွားတဲ့အခါ သူကzeroအခြေအနေကို ပြန်ရောက်သွားပြီး အစကပြန်စတယ်လေ ဒီလိုနဲ့ မဆုံးနိုင်တဲ့ သံသရာလည်နေတာ''

ဖန်ယွမ် ခေါင်းညိတ်ပြသည်အားတွေ့ရသည့်အခါ သူဆက်ပြောလာသည်။
''ဒီကမ္ဘာ ပြန်လည်စတင်ချိန်မှာBug နှစ်ခုပေါ်လာတယ် ၊ ပထမတစ်ခုက ရှီယွမ် ၊သူ့ရဲ့Dataတွေဆုံးရှုံးသွားတယ် ဒီတော့သူ့ရဲ့နေရာကိုအစားဝင်ပြီး သူ့အတွက်ဇာတ်ညွှန်းကို အပြီးသတ်ပေးဖို့ မင်းဒီကမ္ဘာကိုရောက်လာရတယ်!ဒုတိယBugက ယွမ်စုန့် သူ့ရဲ့Data တွေကzeroဖြစ်အောင် resetမချရသေးခင် ဇာတ်ကွက်တွေကိုတိုက်ရိုက်ခုန်ကျော်ပြီး စဦးနေရာကို ပြန်ရောက်လာတယ်! ဒီလိုနဲ့ သူ့အပေါ် ဇာတ်ကြောင်းရဲ့လွှမ်းမိုးမှုတွေ မရှိတော့ချိန်မှာ သူတကယ်ကြိုက်တာက ဇာတ်လိုက်မ မဟုတ်ဘဲ အရံဇာတ်ပို့ ရှီယွမ်ဆိုတာ သူနားလည်သွားခဲ့တယ်!''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now