ARC 9.10

2.9K 537 24
                                    

ARC 9.10

ဖန်ယွမ် သူ့အိမ်မှ ထွက်သည်မှာ ရှားရှားပါးပါးဖြစ်ရာ သို့အတွက် ယန်ကျွေ့သည် သူ့ကိုဒီအတိုင်း လွှတ်မပေးနိုင်ပါ။ သူသည် သူ့ကို သူ၏ကိုယ်ပိုင် အိမ်တော်သို့ တိုက်ရိုက်ခေါ်သွားတော့သည်။

ဤတစ်ခေါက်က ဖန်ယွမ် ယန်ကျွေ့၏ အိမ်တော်သို့ ပထမဦးဆုံး ရောက်ဖူးခြင်းပင်။ယခင်က စစ်သူကြီး၏အိမ်တော်ဟုခေါ်တွင်ပြီး ယခုတော့ မင်းသားဝူ၏အိမ်တော် ဖြစ်ခဲ့လေပြီ။ ထင်ထားသည့်အတိုင်း သူစိတ်ကူးထဲ ထင်ထားသည့်ပုံစံနှင့် ကွက်တိပင်။ အရာအားလုံးက ရိုးရှင်းကာ အကြမ်းထည်ဆန်ပြီး တစ်ချိန်ထဲမှာလည်း သပ်ရပ်ထည်ဝါနေပြန်သည်။ အရာအားလုံးက ဖြစ်ကတတ်ဆန်းနှင့် ထည်ဝါခံ့ညားသည့်အငွေ့အသက်တို့ ပေးစွမ်းနေပြီး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ရသည့် စစ်သူကြီးတစ်ယောက်၏ အငွေ့အသက်တို့ အပြည့်ပါပေ။

ယန်ကျွေ့သည်ကား သူ၏နေထိုင်မှုပုံစံကို သိပ်စိတ်ဝင်စားမှု မရှိကြောင်း သူဟိုးအရင်ထဲက သိရှိခဲ့သည်။သူ၏တစ်ခုတည်းသော ဝါသနာက ဝိုင်မြည်းစမ်းဖို့ပင်။ သို့သော် သူက Main God တစ်ပါးပင်။ကမ္ဘာပေါ်တွင် ဝိုင်ကောင်းတစ်ခု မည်မျှပင် ရှားပါးနေပါစေသူ့အိတ်ကပ်ထဲ ထည့်ဖို့ အလွယ်လေးပင်။ အရာအားလုံးက သူ့အတွက် လွယ်ကူနေကာ အားစိုက်ထုတ်စရာပင်မလို ။ထို့ကြောင့်လည်း တစ်စုံတစ်ခုကို မရနိုင်သည့် နာကျင်မှုကို သူ မသိခြင်းပင်။ ထပ်ပေါင်း၍ သူကိုင်တွယ်သည့် နည်းလမ်းတို့ကလည်း အမြဲလို ရိုးရှင်းကာ တဲ့တိုး ခပ်ကြမ်းကြမ်း ဖြေရှင်းနေကြ။

အရာအားလုံးကို လွယ်လွယ်ကူကူ ရရှိနေသောကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။သူ့ဘဝကြီးက တဖြည်းဖြည်း အလွန်ငြီးငွေ့ဖွယ်ကောင်းကြောင်း သူခံစားလာခဲ့ရသည်။ ငြီးငွေ့ဖွယ်ကောင်းလွန်း၍ မုန်တိုင်းများဖန်တီးကာ လူသားတို့၏ သဘောသဘာဝကို အပျင်းပြေ ဆော့ကစားနေခြင်း ဖြစ်တန်ရာသည်။ လက်ရှိအချိန်တွင် အလယ်တန်းလွင်ပြင်မှ ဇာတ်ပို့သရုပ်ဆောင်လေးများပင်မူလရင်းမြစ်ကမ္ဘာ၌ မည်မျှ မုန်တိုင်းထန်ကာရှုပ်ထွေးနေကြောင်း သတင်းကြားနေရတော့၏။ သို့တိုင် ဤလူသားသည်တော့အဆိုပါမုန်တိုင်း ပိုကြမ်းတမ်း ကြီးထွားလာဖို့ မျှော်လင့်နေဆဲပင်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now