ARC 8.5

3.3K 661 46
                                    

ARC 8.5

ဝင်ခွင့်စာမေးပွဲ ပို၍နီးကပ်လာသည်နှင့် အမျှ ဝါရင်း၏ စိတ်အနှောက်အယှက်ပေးသည့်စတိုင်က ပို၍ဆိုးရွားလာ၏။''စာမေးပွဲ ပြီးသွားရင် တွယ်ကပ်စရာ အကြောင်းရင်း ရှာလို့တွေ့နိုင်မှာမဟုတ်တော့ဘူး''ဟူသော အငွေ့အသက်တို့အပြည့်။ထိုစဥ်တွင် ဖန်ယွမ်သည် ဝါရင်းအနှောက်အယှက်ပေးသည့်ဒဏ်ကို မခံနိုင်တော့သည့်အဆုံး ခွင့်ရက်ကိုအဆုံးသတ်ကာ ဌာနချုပ်သို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ခွင့်ရက်အတိအကျကို ဇာတ်ညွှန်းထဲတွင် မဖော်ပြထားသည့်အတွက် အတိုင်းအတာတစ်ခုအထိ သူ့စိတ်တိုင်းကျ လုပ်၍ရသည်။ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်တစ်ယောက် သူ့ဇနီးနှင့်သားကို ပင်မဂြိုဟ်ဆီ ပြန်ခေါ်လာသည့်အချိန်ထိ ခွင့်ရက်ယူ၍မှ မဖြစ်နိုင်ဘဲ။အဲ့အချိန်ထိသာ ဆို အရာအားလုံး နောက်ကျသွားပြီး တပ်မတော်ရဲ့သြဇာအာဏာ ပြောင်းလဲသွားလိမ့်မယ်!

အမှန်ပဲ! ဒီကမ္ဘာက သာမန်ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းလေးမဟုတ်ဘူး! အာဏာလုပွဲတွေ! ဂြိုဟ်တွေအချင်းချင်းကြားက အနန္တစစ်ပွဲတွေ ပါသေးတယ်!

ဝတ္ထု၏အစပိုင်းကတော့ ဂျန်နရယ် စတီဗင်အီဗန်၏ ဇနီးလေးကို လိုက်လံပိုးပန်းခြင်း ခရီးစဥ် အကြောင်းဖြစ်ပါ၏။တစ်ပြိုင်နက်ထဲမှာပင် ကမ္ဘာမြေမှ ကူးပြောင်းလာသူ ဟွားရှ(တရုတ်)သူလေး ထရေစီရပ်စဲလ် ကိုဤကမ္ဘာအကြောင်း သိမြင်နားလည်သဘောပေါက်သွားစေ၏။ထိုနှစ်ယောက် တစ်ဦးအပေါ်တစ်ဦး ခံစားသက်ဝင်မိကာ ပျော်မွေ့ဖွယ်မိသာစုလေးတစ်ခု ဖန်တီးသည့်ဝတ္ထု၏ နောက်ပိုင်း အချိန်ကာလများတွင် ကပ်ဘေးကြီးတစ်ခုသည် တိုးတိုးတိတ်တိတ် နှင့် ဇာတ်ခုံပေါ် ရောက်ရှိလာ၏။

ယခင်က ဖော်ပြခဲ့သည့်အတိုင်း ပြည်ထောင်စုတွင် မာရှယ်လေးယောက်ရှိသည်။ထိုလေးယောက်တွင် အိုင်ဗန်လော့စန်းနှင့် ဟောဝါ့ဒ်ဂျိုးန ကတစ်ဖက် ကျန်နှစ်ယောက်က တစ်ဖက်။မူလပိုင်ရှင်သည် သူတိတ်တခိုးချစ်ရသူ သူ၏တပည့်ကို  လက်ရှိဂိုဏ်းကွဲနေသော မျှခြေကို ဖျက်စီး၍ ခေတ်သစ် စာမျက်နှာတစ်ခု ဖန်တီးနိုင်ဖို့အတွက် ပြည်ထောင်စု၏ပဉ္စမမြောက် မာရှယ်အဖြစ် ပြုစုပျိုးထောင်ပေးဖို့ ရည်ရွယ်ခဲ့သည်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now