ARC 7.12

3.1K 622 63
                                    

ARC 7.12

သူ၏ကိုယ်တွင်းမှ ဆန္ဒများ လျော့ပါးသည့်အခါမှသာ ဖုန်းကျယ်သည် သူ့ရင်ခွင်ထဲမှ နတ်ဆိုးသေးသေးလေး ကို ဆံပင်တုနှင့် အဝတ်အစားများ ပြန်ဝတ်ပေးလိုက်သည်။ကောင်ငယ်လေးကို သေချာဝတ်ဆင်ပေးပြီးနောက် ဖန်ယွမ်ကို မိတ်ကပ်ပြန်ပြင်ဖို့ ကူညီပေးလိုက်ပြီးမှ ကောင်လေးကို အပြင်သို့ပြန်ခေါ်ထုတ်လိုက်သည်။

ဖန်ယွမ်သည် အစမှအဆုံးအထိ ဤခန္ဓာကိုယ်သည် သူနှင့် မသက်ဆိုင်သည့်အလား မျက်နှာသေနှင့်ပင်။သူ့ရှေ့မှ လူသည် သူစိမ်းတစ်ယောက် အလား။ထိုစဥ်တွင် ဖုန်းကျယ်သည် သူလေး၏ မပြောင်းလဲသည့် ရေခဲရိုက်မျက်နှာထားကို ကျင့်သားရနေခဲ့သည်မှာ ကြာလေပြီ။2နှစ်ကုန်သွားခဲ့ပြီ။ ကောင်လေးက အရင်အတိုင်း သူ့ကိုလက်မခံသေးဘူးဆိုပေမဲ့ အနည်းဆုံးတော့ သူ့ဘေးမှာ ရှိတယ် မဟုတ်ဘူးလား?ဟန်လန်နဲ့ယှဥ်ကြည့်ရင် သူက ပိုကံကောင်းတာပေါ့!!

အမျိုးသားတစ်ယောက် ဒေါက်မြင့်ဖိနပ်နှင့်ဆိုလျှင် လမ်းလျှောက်သည့်အခါ အချိုးမကျဖြစ်နေမှာက မလွဲပင်။သို့သော် ဖန်ယွမ်တွင် ထိုပြဿနာမရှိ။ ဒေါက်မြင့်နှင့် ခြေလှမ်းတစ်လှမ်း စီတိုင်းက ကျက်သရေရှိ ဝံ့ကြွားစွာ ဆွဲဆောင်မှုအပြည့်ပင်။ ဟိုးအရင် ဖြတ်လျှောက်ဇာတ်ကောင်များတွင် သူသရုပ်ဆောင်ရခဲ့စဥ်က အမျိုးသမီးတစ်ယောက် အဖြစ်သရုပ်ဆောင်ခဲ့ရဖူးသည်။ သို့အတွက် အမျိုးသမီးတစ်ယောက်၏ လမ်းလျှောက်ပုံ ကိုယ်နေဟန်ထားကို သူ သေချာ လေ့လာ လေ့ကျင့်ခဲ့သည်။သို့အတွက် ယခု မိန်းကလေး တစ်ယောက်လို ဝတ်စားရသည့်အခါ ဘယ်သူမှ ကွာခြားချက်ကို ပြောနိုင်မည်မဟုတ်ပေ။

ဖုန်းကျယ်တစ်ယောက် လူတိုင်းကို အချိန်တိုင်းဆွဲငင်နေသော ကောင်လေးကို ဘယ်လိုလုပ်ရမလဲမသိတော့။ကလေးငယ်၏ အသက်က 20ပြည့်ကာနီးနေပြီ။သို့သော် သူ၏ရုပ်ရည်က လွန်ခဲ့သော2နှစ်ကအတိုင်းမပြောင်းလဲ။ ရေညှစ်ချလို့ရလုနီး နုငယ်ပျိုမြစ်သည့် မျက်နှာလေးအတိုင်းပင်။ သူ၏ကိုယ်ပိုင်ဆန္ဒအပြင် ဤကောင်လေးကို မိန်းကလေးလိုဆင်ပေးရသည့် နောက်ထပ်အကြောင်းရင်းက -- ဟန်လန်တစ်ယောက် ဖန်ယွမ်ကို မှတ်မိသွားမည်ကို စိုးရိမ်၍မဟုတ်။ တစ်ဖက်လူကို သူ့ခွန်အားပြသလို၍သာ။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now