ARC 8.6

3.3K 614 15
                                    

ARC 8.6

ရင်းနှီးနေသော သြရှနက်ရှိုင်းသည့် အသံက သူ၏နားထဲ ပဲ့တင်ထပ်သွားသည့်အခါ ဖန်ယွမ်၏ပါးပြင်များ ပူလောင်သွားပြီး နားရွက်ဖျားတို့ မထိန်းချုပ်နိုင်စွာ ရဲတက်လာ၏။ကံကောင်းထောက်မစွာဖြင့် သူသည် လူမြင်ကွင်း၌သာရှိကြောင်း သတိရဆဲဖြစ်သည့်အတွက် အေးစက်သည့်အသွင်အပြင်ကို ခိုင်မြဲစွာထိန်းထားလိုက်သည်။

သူသည် ယန်ကျွေ့ကို တည်ငြိမ်စွာတွန်းထုတ်လိုက်ပြီးနောက် မိသားစု၏ အကြီးအကဲလို ထိုသူ၏ အင်္ကျီရင်ဘက်ကြယ်သီးကို တပ်ပေးလိုက်သည်။
''တော်တယ် !မင်း ငါတို့လော့စန်းမိသားစုကို မျက်နှာမပျက်စေခဲ့ဘူး!''

ယန်ကျွေ့မျက်ခုံးပင့်လိုက်မိပြီးနောက် ဖန်ယွမ်ဘာတွေးနေလဲ သူ မမှန်းဆတတ်တော့။ကြည့်ရတာတော့ ပြန်မတိုက်နိုင်သေးခင် ''*ကျေးကျွန် လွတ်မြောက်ရေး'' အနေနဲ့ ကစားချင်​နေတယ်ထင်ပါ့! ယန်ကျွေ့သည် မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းကိုယောင်ယောင်လေး ကွေးညွှတ်လိုက်ပြီးနောက် မျက်နှာထက် ရှိုးတိုးရှန့်တန့် ချစ်စဖွယ်ရှက်ရဲရဲ အမူအရာလေး တပ်ဆင်လိုက်ပြီး
''ဝါရင်းရဲ့ ဂုဏ်​ဒြပ်မှန်သမျှက မာရှယ့်အပိုင့်ပါ! ဝါရင်း ~ဝါရင်းကလဲ မာရှယ့်အပိုင်ပါပဲ~မာရှယ့်အတွက်သာဆို ဝါရင်း ဘာမဆို လုပ်ဝံ့တယ်~~''
(*ဒီနားကို မြူလဲ သိပ်နားမလည်။ သီချင်းနာမည်ပါ တိဗက်က ကျွန် တော်လှန်ရေးအကြောင်း ရေးထားတဲ့သီချင်း)

ဖန်ယွမ်၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်သွားပြီးနောက် ဝါးလုံးကွဲ ရယ်ချမိလုနီးပါးပင်။လူမြင်ကွင်းထဲOOC ဖြစ်တော့မည့်အရေးကို ရှောင်ရှားရန် သူသည် သူ၏ကိုယ်ကိုတွယ်ကပ်နေသော ကိုအာလာကောင်ကို ဆွဲကာ သူ၏ကိုယ်ပိုင်ယာဥ်ဆီ ဦးတည်သွားလောက်ပြီးနောက် တစ်ပြိုင်နက်ထဲမှာပင် ယာဥ်မောင်း ကို Aircraft ပေါ်မှ မောင်းထုတ်လိုက်သည်။

မာရှယ်နှင့် သူ၏ဇနီးသည် တို့ လူသိရှင်ကြား ချစ်ကြည်နူး တီတစ်တူးကာ roပြသွားခဲ့သည့်အတွက် အများသူငါ၏ ခွေးမျက်လုံးတို့ ကန်းလုဆဲဆဲပင်။ လူအုပ်ကြီးသည် ရုတ်ခြည်း ထိန်းသိမ်းမရနိုင်အောင် ဖရိုဖရဲဖြစ်သွား၏။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now