ARC 6.8

3.4K 612 38
                                    

Chapter 6.8

လေလံအိမ်တော်၏ အနောက်ဘက်တွင် VIP ဧည့်သည်တော်တို့ အတွက်ဥယျာဥ်တစ်ခု ပြုလုပ်ပေးထား၏။ကြည်လင်သန့်စင်သောရေကန်၏မျက်နှာပြင်ထက် ကြာပန်းမျိုးစုံပွင့်ဖူးနေကြသည်။

ဖန်ယွမ်သည် ကိုယ်ကိုကိုင်းညွှတ်ကာ သူ၏သွယ်လျလျလက်ချောင်းများက ကန်ရေပြင်ထက် လျှပ်ပြေးကစားနေရင်း မျက်ဝန်းများမှာမူ အတွေးနစ်နေပုံရသည်။

'' သွမ့်ဝမ် ကို သိလား?''

ထိုနေ့ မီးထဲတွင်ရှိနေစဥ် ယွီခိုင်း သူ့ကို တစ်လုံးချင်းမေးလာခဲ့သော မေးခွန်းဖြစ်သည်။

တစ်စုံတစ်ယောက်ထံမှ ဤနာမည်ကိုဒုတိယအကြိမ်ထပ်ကြားလိုက်ရခြင်းဖြစ်၏။ အစထဲမှ နားလည်မှုလွဲခြင်းဟုတ်ပုံမရ။သူ ထိုလူနှင့် တစ်ခုခုပတ်သတ်နေလောက်သည်။သို့သော် သူမမှတ်မိတော့ပေ။

ပိုင်ရှဲ့သည် ကျောက်စားပွဲတစ်ခုတွင်ထိုင်ရင်း လက်ဖက်ရည်သောက်နေ၏။သူအေးအေးလူလူမေးလာသည်။
''မင်း တကယ်ကြီး မှတ်ဉာဏ်ပြန်ရချင်နေတာလား''

ဖန်ယွမ် သူ့ကိုလှည့်ကြည့်ကာ အလေးအနက်ခေါင်းခါပြလိုက်သည်။ထိုလူ မျက်လုံးပြူးသွားကြောင်းတွေ့လိုက်ရသည့်အခါ ညင်သာစွာဖြည်းဖြည်းချင်းပြောလိုက်၏။
''တစ်စုံတစ်ယောက်ရဲ့ ကြိုးကိုင်ခြယ်လှယ်ခံရတာကို မကြိုက်ယုံ''

ပိုင်ရှဲ့သည် ဇဝေဇဝါ အကြည့်နှင့်သူ့ကိုကြည့်လာသည်။ဖန်ယွမ်သည် မတ်တပ်ရပ်လိုက်ပြီး သူ့ဆီလျှောက်သွားလိုက်၏။
''ဒီလို ကျွန်တော်  ဇဝေဇဝါနဲ့ နိုးထလာတဲ့အချိန် ပထမဆုံးတွေ့လိုက်ရတဲ့လူက ခင်ဗျားလေ! ဒါ့ကြောင့်မို့လို ခင်ဗျားရဲ့ပုံသဏ္ဍာန်ကို ကျွန်တော်မှတ်မိနေတာ..အဲ့အချိန်က ခင်ဗျားကျွန်တော့်ကို ကြည့်တဲ့အကြည့်ကအစ....အကုန်လုံးကိုအသေးစိတ် သေသေချာချာမှတ်မိနေတာ''

''ဒီတော့ မင်းကိုကြိုးကိုင်နေတဲ့လူကို ငါလို့တွေးပစ်လိုက်တယ်ပေါ့'' ဖန်ယွမ်က ဆိတ်ဆိတ်နေခြင်းအားဖြင့် ဝန်ခံနေလေရာ သူသည် ခံပြင်းစွာ သူ့နဖူးသူ ရိုက်လိုက်ပြီး ဒေါသတကြီးပြောလာ၏။
''လောင်သ ကတော့ ငါ့ကိုတွင်းနက်နက်တူး​ပေး သွားပြီ! သောက်ရမ်းယုတ်မာလိုက်တာ''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Tahanan ng mga kuwento. Tumuklas ngayon