ရင်းမြစ်ကမ္ဘာသို့ ခြေရာကောက်ကြောင်း 5

2.4K 388 18
                                    

Chapter 105

သူ တံခါးမှနေ၍ အပြင်သို့ပြန်ထွက်လာသည့်အချိန် ယွီခိုင်းသည် အပြင်ဘက်တွင်ခေါင်းငုံ့ကာအတွေးနစ်နေဟန်နှင့် စောင့်ဆိုင်းနေ၏။သူ ဘာတွေးနေသလဲသူမသိသော်လည်း မျက်နှာထားကတကယ့်ကိုလေးနက်နေသည်။သူထွက်လာသည်ကိုတွေ့လိုက်လျှင် ယွီခိုင်း၏ မျက်ဝန်းတို့က အံ့အားသင့်တကြီး ပြူးကျယ်ဝိုင်းစက်သွား၏။

သူ မျက်ခုံးပင့်ကာ ခပ်ဖွဖွရယ်လိုက်ရင်း
'' ဘာလဲ သရဲတွေ့လို့လား '

ယွီခိုင်းသည် မျက်မှောင်ကြုံ့လိုက်ရင်း ပြောလာ၏။
'' မင်း ဝိဉာဏ်ပုံစံကနေ သွေးသား ခန္ဓာကိုယ်အဖြစ် သိပ်သည်းသွားပြီဆိုတာ မင်းခုထိသတိမထားမိသေးဘူးလို့ မပြောနဲ့နော် ''

''.....'' ဖန်ယွမ်သည် လက်ကိုမြှောက်လိုက်ပြီးကြည့်လိုက်၏။ အတိအကျပင် -မူလသူ၏ဖောက်ထွင်းမြင်နေရသည့် ခန္ဓာကိုယ်ကယခု အသွေးအသားအဖြစ် ဖြစ်တည်ခဲ့ပြီးဖြစ်သည်။ နူးအိဖြူဥနေသည့် အသားအရေထက် အဖြူရောင်အလင်းတန်းအနည်းငယ် လင်းလဲ့သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

ပထမ သူအနည်းငယ်အံ့အားသင့်မိသော်လည်း နောက်ဆုံး ကူရာမဲ့စွာသာ ခေါင်းကို ခပ်ဖြည်းဖြည်းယမ်းမိတော့သည်။ သူ့နှုတ်ခမ်းထောင်းစွန်းထက် အပြုံးဖျော့ဖျော့လေး ဖြစ်တည်လာခဲ့ပြီး ပြောလာ၏။
'' သူတစ်ယောက်နဲ့တော့ ဘယ်လိုလုပ်ရပါ့ ''

ယန်ကျွေ့သည် သူ့အထူးအခွင့်အရေးကို အလွဲသုံးစားလုပ်၍ ဖန်ယွမ်ကို အဆင့်မြှင့်ပေးဖို့ အစွမ်းကုန် ကြိုးစားပါသော်လည်း ဖန်ယွမ် မှတ်ဉာဏ် ပြန်မရသေးသောကြောင့်ပဲလားမသိ အကြိမ်တိုင်းကျရှုံးခဲ့၏။ စိတ်ဝိဉာဏ်တစ်ခု၏ အခရာက ၎င်း၏မှတ်ဉာဏ်ပင်။ မှတ်ဉာဏ်အလုံးစုံ ပြည့်စုံနေပါမှ ပျောက်ကွယ်မသွားဘဲ ဝိဉာဏ်အသွင်ဖြင့်တည်ရှိနေမည်ဖြစ်သည်။ ဖန်ယွမ်သည်သူ၏မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို ဖျက်ပစ်ခဲ့သည်။ထို့ကြောင့် ပြောရလျှင် သူဝိဉာဏ်ဟာ ပြီးပြည့်စုံမနေခဲ့။ levelတက်ဖို့ဘယ်လောက်ပဲ ကြိုးစားပါစေ ခန္ဓာကိုယ်ဖွဲ့စည်းနိုင်သည့်နေ့ ရောက်မလာခဲ့။ မပြည့်စုံသည့် စိတ်ဝိဉာဏ်ဟာ ခန္ဓာကိုယ်အဖြစ်ဖွဲ့စည်းနိုင်သည့် စွမ်းရည်မရှိသည့်အတွက်ပင်။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now