ARC 8.4

3.3K 609 20
                                    

ARC 8.4

ယန်ကျွေ့၏ သမိုင်းဆိုးကြီးများကို စဥ်းစားကြည့်ပြီးနောက် ထိုလူကြီးက ဝါရင်း မဖြစ်နိုင်ဟု တထစ်ချ ယုံကြည်မထားသင့်ကြောင်း ဖန်ယွမ်ခံစားလိုက်ရသည်။ အဲ့သောက်ကောင်က ယန်ကျွေ့လေ! သူ့ကိုယ်သူ သုံးပိုင်းခွဲပစ်ပြီး သူ့ကို လိုက်တွယ်ကပ်တဲ့ အရူးကြီး!သူ့ဦးနှောက်ပတ်လမ်းက ဘယ်လိုအလုပ်လုပ်လဲ ဘုရားပဲသိမယ်!

တကယ်တော့ ယန်ကျွေ့ ဟုတ်လား မဟုတ်လား သိချင်လျှင် လွယ်ပါသည်။ ယခင်တစ်ခေါက်က ယန်ကျွေ့ကို ဖော်ကောင်လုပ်ခဲ့သလိုပင် အခုလဲ အဲ့လို ထပ်လုပ်၍ရသည်။ယန်ကျွေ့က သူတစ်ခုခု ထိခိုက်သွားမှာကို လုံးဝ မကြည့်ရက်ဘူးလေ! ဒါပေမဲ့ အဲ့လိုသာဆို အရမ်းပျင်းစရာကောင်းသွားမှာပေါ့? မဟုတ်ဘူးလား? ပြီးတော့ အဲ့ဒါက ပြည်ထောင်စုရဲ့ သြဇာအလွှမ်းဆုံးသော မာရှယ် ဆိုတဲ့သူရဲ့လက်ရှိဂုဏ်ပုဒ်နဲ့လဲ ကိုက်မနေဘူးလေ!

ဒါ့အပြင်ကို အဲ့ကောင်စုတ်လေး ဝါရင်းက တကယ့်ကို ခေါင်းခဲစရာပဲ!တကယ်လို့များ သူသာ ယန်ကျွေ့မဟုတ်ဘူးဆိုရင် ဟိုလူကြီးကိုဖော်ကောင်လုပ်တဲ့ သူ့အစီအစဥ်က အလုပ်မဖြစ်ဘဲ သူ့ကိုယ်သူ အရူးလုပ်မိသလို ဖြစ်သွားလိမ့်မယ်! အပွင့်လင်းဆုံးပြောရရင် သူအခု အဲ့ကောင်စုတ်လေး မျက်နှာကို လုံးဝ မကြည့်ချင်ဘူး! ယန်ကျွေ့ဟုတ် မဟုတ် ဖော်ကောင်လုပ်ဖို့ကတော့ ထားလိုက်ပါတော့!

အေးကွာ..သူ့မိသားစုက လူကြီး အဲ့လောက်အရှက်မဲ့မယ်လို့ သူ့နှလုံးသားက မယုံကြည်နိုင်သေးဘူး! သူ အတွေးလွန်းနေတာပဲ ဖြစ်လောက်မှာပါ!

ဖန်ယွမ်သည် မျက်လုံကိုမှိတ် ခေါင်းကိုမော့လိုက်ကာ နွေးထွေးသော ရေများကို သူ့ဆံနွယ်တို့မှတစ်ဆင့် ရင်ဘက်ဆီ စီးဆင်းစေလိုက်၏။ အနီရောင် ချယ်ရီသီးနှစ်ခုက ပူနွေးစိုထိုင်းနေသော ရေနွေးငွေ့များထဲ အလွန်တရာလှပနေကာ ဖြူဖွေးဝင်းအိနေသော အသားအရည်က အလွန်တရာ ဆွဲဆောင်မှုရှိနေသည်။ခြုံငုံ၍ ပြောရလျှင် သူ၏ပုံစံက လှရက်လွန်းသော အမျိုးသားတစ်ဦးပင်။

တစ်ခုတည်းသော ချို့ယွင်းချက်က အဲ့သည့် အမျိုးသား''သင်္ကေတ''က သိပ် မကြီးခြင်း ပင်။Beta တစ်ယောက်အနေနှင့် မူလပိုင်ရှင်၏ စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအားက Alphaအများစုထက် များစွာသာလွန်သော်လည်း သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကမူ Omega တို့နှင့် သွားဆင်နေသည်။ကောင်းကင်ဘုံက တရားမျှတပါတယ်လို့ပဲ ဆိုရတော့မလို!

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Opowieści tętniące życiem. Odkryj je teraz