နဉ်ရှီ အတော်ကြာအောင် လိုက်ရှာခဲ့ပြီးနောက် အခက်အခဲများကြားမှ အနက်ရောင်ပွဲတက်ဝတ်စုံလေးကို ရွေးချယ်နိုင်ခဲ့သည်။ ‘အနက်’ဟူသည် ဘယ်သောအခါမှ ရိုးအီမသွားနိုင်သည့် အရောင်တစ်မျိုးပင်။ နဉ်ရှီသည် မှန်ကြည့်ရင်း သူမ၏ ဗလာကျင်းနေသော လည်တိုင်လေးကို ပွတ်သပ်လိုက်သည်။

“မစ်နဉ်က အသားဖြူပြီး ခါးသွယ်သွယ်လေးဆိုတော့ ဒီဂါဝန်နဲ့ အရမ်းလိုက်ဖက်တာပဲ..” အရောင်းဝန်ထမ်းများသည် အမြဲတစေ မျက်တောင်မခတ်တမ်း ချီးမွမ်းတတ်ကြ၏။ သို့သော် ယနေ့တော့ သူမ၏စကားလုံးများမှာ ရိုးသားစစ်မှန်နေခဲ့သည်။ တကယ်တော့ ဤဂါဝန်၏ဒီဇိုင်းသည် အထူးတလည် ဖန်တီးထားခြင်းမျိုး မဟုတ်သော်ငြား နဉ်ရှီ ဝတ်လိုက်သည်နှင့် အရမ်းကို လှပသွားတော့သည်။

“ကျေးဇူးတင်ပါတယ်..” နဉ်ရှီက အပြုံးလေးဖြင့် ကျေးဇူးတင်လိုက်သည်။ နောက်လှည့်ကြည့်လိုက်သောအခါ ရှောင်ယန်၏ အူတူတူမျက်နှာလေးကို မြင်လိုက်ရ၍ နဉ်ရှီမှာ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။ ပြီးမှ ထပ်မေးလိုက်သည်။ “ဒီဒီဇိုင်းကလေ.. ဘယ်နှစ်ထည်လောက် ရောင်းထားပြီးပြီလဲ..?

“စိတ်ချပါ.. ကျွန်မတို့ Brand က Top list မဟုတ်ပေမယ့် တစ်ကမ္ဘာလုံးက Celebrity တော်တော်များများရဲ့ အသည်းစွဲပဲ.. အဲ့တာကြောင့် လုံးဝ နောက်တစ်ထည် ရှိမှာမဟုတ်ပါဘူး..”

အရောင်းဝန်ထမ်းအနေဖြင့် နာမည်ကျော်တချို့ဟာ တခြားသူနှင့် ဒီဇိုင်းတူနေမည်ကို စိုးရိမ်တတ်ကြကြောင်း ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် နဉ်ရှီ စိတ်ပူနေသည်မှာ ပုံမှန်ပါပင်။

“အစ်မရှီရှီ.. အစ်မ ဒီဝတ်စုံဝတ်လိုက်တော့ နတ်ဘုရားမလေးလိုပဲ.. အရမ်းလှလိုက်တာ..” ရှောင်ယန်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။ “လူတိုင်း ငေးမောနေမှာ သေချာတယ်..”

“အဲ့လိုဆက်ပြီးချီးမွမ်းနေရင် ငါမျက်နှာပြရဲတော့မှာမဟုတ်ဘူးနော်..” နဉ်ရှီက နွေးထွေးစွာ ပြုံးလိုက်ရင်း အရောင်းဝန်ထမ်းကို ပြောလိုက်သည်။ “ဒီဝတ်စုံလေး ထုပ်ပိုးပေးနိုင်မလား..? ကျေးဇူးပါ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now