“ကျွန်မက သူ(မ)နဲ့တူတာလား..?”

ကျန်းချင်းယွင်သည် အပြုံးဖြင့် ခေါင်းခါယမ်းလိုက်ရင်း.. “စတွေ့တုန်းကပါ.. မင်းနဲ့ အလုပ်အတူတွဲလုပ်ရင်း သူ(မ)နဲ့ အတော်လေး ကွာခြားတာ သိသာလာတယ်..” ကျန်းချင်းယွင်က လမ်းဘေးလျှောက်လမ်းပေါ်မှ သစ်ပင်များထံ အကြည့်လွှဲလိုက်သည်။ “သူ့(မ)မှာမရှိတဲ့ စွမ်းရည်တစ်မျိုး မင်းမှာရှိတယ်..”

ကားက နောက်တစ်ဖန် ခရီးဆက်လာခဲ့သည်။ နဉ်ရှီ၏လက်များသည် ဖုန်း Screen ကို ပွတ်နေဆဲဖြစ်သော်လည်း သူမ၏ အာရုံကတော့ ဖုန်းထဲတွင် မရှိတော့ချေ။

လောကတွင် ဤမျှတိုက်ဆိုင်သည့်အရာမျိုး အဘယ်သို့ တည်ရှိနိုင်မည်နည်း။ ဤမျှဆင်တူသောဖြစ်ရပ်မျိုး ဘယ်မှာရှိနိုင်မည်နည်း။ တချို့သော ခပ်ဆင်ဆင်တူသည့် ဖြစ်ရပ်များက လူတို့၏အတွေးကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူမသည် ထိုအမျိုးသမီး သရုပ်ဆောင်နှင့် လားလားမျှ မဆင်တူပါချေ။ ကျန်းချင်းယွင် ထိုသို့ထင်မှတ်နေခြင်းက သူမ တမင်တကာ ဟန်ဆောင်ခဲ့ခြင်းကြောင့်သာ။

လွန်ခဲ့သောဆယ်နှစ်က ကျန်းချင်းယွင်သည် ရုပ်ရှင်ဘုရင်မ,တစ်ယောက်၏ လက်ထောက်လေးသာဖြစ်ပြီး ရိုးသားသည်။ အလုပ်ကြိုးစားခဲ့သည်။ ထို့အပြင်… အနှီရုပ်ရှင်ဘုရင်မအပေါ် မတူကွဲပြားသော ခံစားချက်တချို့ပင် ရှိနေခဲ့သည်။

နောက်တော့ ထိုရုပ်ရှင်ဘုရင်မသည် သူဌေးမိသားစုထဲ လက်ထပ်ဝင်ရောက်ကာ ကျင်းမိသားဟု၏ ဒုတိယသခင်မလေး ဖြစ်လာတော့သည်။ သို့သော် သိပ်မကြာလိုက်ချေ။ အဆုံးသတ်မှာတော့ အိပ်ဆေးသောက်ကာ သတ်သေသွားခဲ့သည်။

လူထုအမြင်နှင့် ဖိအားများအောက် သူမ၏ယောက်ျားသည် စိတ်ထွက်ပေါက်အဖြစ် အရက်သောက်ကာ ညဉ့်နက်သန်းခေါင် ကားမောင်းပြိုင်ခဲ့သေးသည်။

နဉ်ရှီသည် ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း သူမ၏ခံစားချက်များကို ဖြည်းဖြည်းချင်း ချုပ်တည်းကာ ပြုံးလိုက်သည်။

“အစ်ကိုကျန်း.. စိတ်မပူပါနဲ့.. ညီမ အစ်ကိုစိတ်ပျက်ရအာင် မလုပ်ဘူး..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now