အမျိုးသားဇာတ်ဆောင်က ရောင်ဝါရှိပြီးသားဖြစ်ပြီး ဒီဇာတ်ကားက သူ့ရောင်ဝါကို တည်ငြိမ်စေကာ  ဖျော်ဖြေရေးနယ်ပယ်မှာ နံပါတ်တစ် အမျိုးသားကြယ်ပွင့်ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုက်တန်တဲ့သူဖြစ်လာတာကိုတော့ ပြောစရာတောင်မလိုတော့ဘူး။ အခြားဇာတ်ပို့ဇာတ်ကောင်တွေ၊ ဒါရိုက်တာတွေနဲ့ ကျန်တဲ့အခြားလူတွေအနေနဲ့ သူတို့ရဲ့ ကျော်ကြားမှုက သူတို့ရဲ့မူလအခြေခံအုတ်မြစ်ထက် ပိုကျော်ကြားတဲ့အဆင့်ကို မြင့်တက်လာခဲ့တယ်။

ဒီဇာတ်ကားက လူတော်တော်များများရဲ့ ချစ်ခင်အားပေးမှုကိုရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် လူတယောက်တည်းကသာ ရွှံ့ပေနေခဲ့တာ။

အဲဒါက ဇာတ်လိုက်မင်းသမီးအဖြစ် သရုပ်ဆောင်တဲ့ သရုပ်ဆောင်မင်းသမီးပဲ။

အခုတော့ မူရင်းပိုင်ရှင်နဲ့ နာမည်တူပြီး မိသားစုနာမည်တူတဲ့ ကုမျန်ရဲ့ဇာတ်ကောင်ဖြစ်သွားပါပြီ။

ကုမျန်က သူမရဲ့နှလုံးသားထဲမှာတော့ အကြောက်အလန့်မရှိနေပါဘူး။

ဘာပဲဖြစ်ဖြစ် သူမမှာ ကောင်းမွန်တဲ့စိတ်သဘောထားရှိပြီး လူကြိုက်မများချင်တာကြောင့် ဝေဖန်ခံရရင်တောင် အရေးမကြီးပါဘူး။

ဇာတ်ကြောင်းကို ကုမျန်က ရည်ရွယ်ချက်မဲ့စွာ တွေးနေချိန်မှာ စူးရှတဲ့အော်သံတစ်ခုက သူမဘေးကနေထွက်ပေါ်လာတယ်။

ရှောင်းကျူက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူမကိုယ်သူမ မထိန်းချုပ်ထားနိုင်ခဲ့ဘူး။သူမက  သူမရဲ့ရင်ဘတ်ပေါ်  လက်တင်လိုက်ပြီး တဲ့တိုးပြောလိုက်တယ်။" ကြီးမြတ်တဲ့နတ်ဘုရား၊ ကြီးမြတ်တဲ့နတ်ဘုရားက ဒီမှာပဲ!"

ကြီးမြတ်တဲ့နတ်ဘုရားလား?

ရှောင်းကျူရဲ့ ကြီးမြတ်တဲ့နတ်ဘုရားက လော့ချယ်မဟုတ်ဘူးလား။

ကုမျန်က ရှောင်းကျူရဲ့အကြည့်နောက်ကိုလိုက်ပြီး အဝေးကိုလှမ်းကြည့်လိုက်တယ်။

ဖြောင့်မတ်ပြီး တည်ငြိမ်တဲ့ပုံရိပ်က ကုမျန်ရဲ့မျက်၀န်းတွေထဲ ရောက်လာတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now