နဥ်ရှီ လှောင်ကာရယ်မိလိုက်သည်၊ စကားတစ်လုံးမျှလည်း ပြန်မပြောခဲ့ပါချေ။

ထုတ်လုပ်ရေးအဖွဲ့မှ အခြားသူများ ဘာမှမပြောနိုင်သေးခင် ပြဿနာလာရောက်ရှာသောသူကား ရုတ်တရက် သူမ၏သဘောထားကို ပြောင်းလဲလိုက်၏။ အစပိုင်းတွင်တော့ သူတို့သည် နဥ်ရှီ၏လုပ်ရပ်ကြောင့် အခြေအနေ ပိုမိုဆိိုးရွားလာစေလိမ့်မည်ဟု ထင်ထားခဲ့ပေသည်။ သို့သော်ငြား ထို့အစား ပြဿနာမီးက ငြိမ်းသွားခဲ့ပေသည်။

ထိုကဲ့သို့ အခြေအနေ တိုးတက်မှုကြီးက တစ်ခုခုလွဲချော်နေ၏။

ဝေသုန်လိုင် မည်သို့ပင်ပြောပြော အခြေအနေကို ပိုပြီးကသိကအောက်ဖြစ်စေမှာ သိနေခဲ့၏။ သူ ဝေစစ်ချီ၏လက်ကို ကူမပေးသည့်အနေနှင့် ကိုင်ကာ "လီဟောင် ငါ့ကိုကူပြီး စစ်ချီကို ကိုင်ထားပေး"

အတွင်းရေးမှူး လီ​ဟောင်သည် နဥ်ရှီကို ခေါင်းငိုက်စိုက်ဖြင့် လှည့်မကြည့်ခင် ခဏမျှ တုံ့ဆိုင်းနေခဲ့ပြီး နောက်တွင်တော့ ဝေစစ်ချီ၏ အခြားလက် တစ်ဖက်အား ကူပေးလိုက်တော့၏။

"မစ်နဥ် ဒီကိစ္စနဲ့ပတ်သတ်ပြီး နောက်ရက်တွေမှာဆွေးနွေးပါ့မယ် တောင်းပန်ပါတယ်" ဝေသုန်လိုင်သည် ဝေစစ်ချီအား ရိုက်ကူးရေးကွင်းမှ အတင်းဆွဲထုတ်လိုက်တော့သည်။

ဝေစစ်ချီအား ကားထဲထည့်ပြီးနောက်တွင် ဝေသုန်လိုင်သည် လီဟောင်အား မှာလိုက်သည် " လီဟောင်သွား ထုတ်လုပ်ရေးအဖွဲ့ကို ပတ်ပြီးမေးလာခဲ့ အခုပြဿနာကို ရိုက်ကူးနေတဲ့ဗီဒီယို မရှိဘူးဆိုတာ သေချာအောင်လုပ်လာလိုက်"

သူ အကယ်၍ ဤပြဿနာသာ ပြန့်သွားခဲ့လျှင် ဝေဖန်ခံရမည်မှာ နဥ်ရှီမဟုတ်ဘဲ သူ၏ညီမလေး ဝေစစ်ချီဖြစ်နေမည် ဆိုသည်မှာ အတော်လေးကိုသေချာနေ၏။

"ကျွန်တော် နားလည်ပါပြီ မန်နေဂျာ" လီဟောင် ခေါင်းညိတ်ကာ ကားတံခါးများကို ပိတ်လိုက်သည်။ ဝေမိသားစုမောင်နှမ ကားထဲတွင်ကျန်ခဲ့ပြီ ဆိုသည်နှင့် ထုတ်လုပ်ရေးအဖွဲ့ကို ကြည့်မိလိုက်တော့သည်။ သူနောက်ပြန်မသွားခင် ခေတ္တမျှ စဥ်းစားလိုက်၏။

"နဥ်ရှီ......" ကျန်းချင်းယွင်သည် နဥ်ရှီ၏မိဘများ သူမအနားတွင် ရှိတော့မည်မဟုတ်မှန်း သိနေခဲ့သည်။ သို့ပေမည့်လည်း သူမ၏အဖေသည် ထိုသို့ထိုပုံနည်းဖြင့် သေသွားခဲ့ရမည်ဟု မထင်ထားခဲ့ပါချေ။ သူရုတ်တရက် သူမကို မည်သို့နှစ်သိမ့်ရမည်မှန်း မသိနိုင်တော့အောင် ဖြစ်၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now