° Final °

4.1K 411 51
                                    

UNICODE
*********

တိတ်ဆိတ်နေတဲ့ ဆေးရုံအခန်းဆောင်မှာ
အဖွားနားငြိမ်ငြိမ်လေး ထိုင်နေမိသည်။
ဆေးရုံအုပ်နဲ့ သွားပြီးခဏလောက် စကား
သွားပြောမယ် အဖွားနဲ့ ခဏ နေနေဆိုလို့
ငုတ်တုပ်ကလေး ထိုင်နေမိသည်။

ကုတင်ပေါ်မှာ လှဲနေတဲ့ အဖွား
လက်ကလေးကခပ်လှုပ်လှုပ်ကလေး
လှမ်းလာသည်မို့အဖွားလက်နားသို့
ကိုယ့်လက်ကလေးကမ်းသွားမိသည်။
နူးနူးညံ့ညံ့ခပ်ဖွဖွလေးအဖွားလက်ကလေးကို ဆုပ်ကိုင်လိုက်တော့အဖွားကလဲ
ခပ်တင်းတင်းလေး ပြန်ဆုပ်ကိုင်လာသည်။

"မြေး…မြေးလေး"

ခပ်တိုးတိုး အသံတုန်တုန်လေးဖြင့်
အားယူကာလှမ်းခေါ်လာသည်မို့။

"ဗျာ…အဖွား ဟိုဟာ မောင်က…အဲ…ဟို
ဂျောင်ဂုက ဆေးရုံအုပ်နဲ့ သွားတွေ့တယ်"

"မြေးလေး…"

"ဗျာ…"

"နာမည်…ဘယ်…ဘယ်လိုခေါ်လဲ…"

"ဗျာ ကျွန်တော်လား အော် ကျွန်တော်က
ဂင်မ်ဆော့ဂျင်လို့ ခေါ်ပါတယ် အဖွား
ဟီး…"

အဖွားမြင်မှာတော့ မဟုတ်ပေမဲ့ သွားလေးကို
အဖြီးလိုက်လေးဖြင့် နှုတ်ဆက်မိသည်။
နေရခက်သည်မျိုးလဲမရှိပဲ ပေါ့ပေါ့ပါးပါး
နေမိသည်။ ဘာလို့လဲမသိပေမဲ့ မောင်နဲ့
ပက်သက်သမျှ မောင်ချစ်ခင်ရတဲ့သူတွေနဲ့
ကိုယ်နဲ့က အချိတ်အဆက်မိသည်လို့ကို
ထင်ရသည်။ မောင်ချစ်ရသူတွေကလဲ
မောင့်လိုမျိုး စိတ်သဘောထားကောင်းပြီး
အကြည်ဓာတ်လေးတွေရှိနေတာမျိုး။

ဒါပေမဲ့ တစ်ခုတော့ ကွာတာပေါ့။ မောင်က
တခါတလေ သိပ်ပြီးတော့ အချိုးပြေတာ
မဟုတ်ဘူး။

ဂင်မ်ဆော့ဂျင်ဆိုတဲ့ နာမည်လေးကို
ခပ်ပြုံးပြုံးလေးပြောလိုက်လေတော့
အဖွားရဲ့ မျက်နှာလေးမှာလဲ လင်းကနဲ
ကြည်လင်သွားသလို။

"ချစ်…ချစ်စရာလေးပဲ…"

"အဖွားနဲ့တူလို့နေမှာ…ဟီးဟီး"

"ဂျောင်ဂုကီးကို…အများကြီး…ချစ်…
ချစ်ပေးပါနော်…ဆော့ဂျင်နီး…လေး"

အဖွားရဲ့ စကားအဆုံးမှာ ပါးဖောင်းဖောင်းလေးတွေ မို့ကနဲ ဖြစ်နေအောင် ပြုံးလိုက်ပြီး။

Him  [KookJin]  ✔️Where stories live. Discover now