° 13 °

2.7K 352 39
                                    

UNICODE
*********

အချစ်တဲ့…မခံစားဖူးတာမှန်သမျှ အချစ်နဲ့
ထိတွေ့တဲ့အခါ ခံစားကြရတယ်တဲ့။
မလုပ်စဖူးတွေလဲ လုပ်မိပြီး ကိုယ့်ကိုယ်ကို
မဖြစ်ဖူးတာတွေလဲ အလိုအလျောက်
လုပ်နေမိတယ်တဲ့။

ဒီအနီးအနားမှာ လက်ရာကောင်းတွေကို
ဖန်တီးပေးနိုင်တဲ့ပန်းချီဆရာသာရှိရင်
မိုးရေတွေ မြောက်မြားစွာ ကျဆင်းနေရင်း
ကြားထဲမှ လှပလွန်းသော ပုံရိပ်လေးတစ်ခုကို
တစ်ဆင့်ခံ ဆွဲရပေလိမ့်မည်။

ကျောင်းဝတ်စုံလေးတွေဖြူလွလွမှာ
မိုးရေတွေ စိုရွှဲနေပြီး နှုတ်ခမ်းလွှာနှစ်ခု
ညင်သာစွာ ဖိကပ်နမ်းရှိုက်နေကြသူ။

"အဟွတ် အဟွတ်…"

အချိန်အတော်အတန်ကြာသည်ထိ
နှုတ်ခမ်းလွှာကို ငုံထွေးထားသည်မို့
အသက်ရှူကြပ်လာသည်နှင့် ခပ်ဖြေဖြေလေး
တွန်းဖယ်လေတော့ ဖယ်ခွာပေးလာသည်။

မိုးရေထဲမှာ ဒီလောက်ထိ ကြာကြာ
မနေဖူးတာကြောင့် နှုတ်ခမ်းလွှာတွေ
တဆက်ဆက်ဖြင့် တုန်ရီစ ပြုလာသည်။

တုန်ရီနေသော နှုတ်ခမ်းလွှာတွေဆီသို့
ခပ်နွေးနွေးလက်ကလေးတစ်ခု
လက်မလေးဖြင့် ဖွဖွလေး ပွတ်ဆွဲလာသည်။

"ချမ်းနေပြီလား~…"

အေးလွန်းနေတာကြောင့်
ကိုယ့်ကိုယ်ကိုတောင်
ခေါင်းငြိမ့်လိုက်သည်လားမသိ။

"ဆင်းခဲ့~…"

လက်တစ်ဖက်ကို ကိုင်ထားပေးတာကြောင့်
အတုန်တုန် အရီရီဖြင့် ခုန်တန်းပေါ်မှ
ဆင်းမိသည်။ လုပ်ချင်ရာတွေ လုပ်ပြီး
စဉ်းစားမိသည်က။

"ဂျောင်ဂု…"

ကိုယ့်လက်ကို ဆွဲထားသည့်သူ့လက်အား
တချက် ပြန်ဆွဲလိုက်လေတော့ ရပ်သွားကာ
လှည့်ကြည့်လာသည်။

"ဘယ်သွားမလို့လဲ…"

"သိချင်လား~…"

"ဟင်…"

"သိချင်ရင် လိုက်ခဲ့…"

ထိုအခါ ဘာမှမပြောတော့ပဲ လက်ကိုဆွဲကာ
တစ်နေရာသို့ဆွဲခေါ်သွားသည်။

အချိန်အတော်ကြာ လျှောက်လာရင်းမှ
မိုးလဲစဲခါနီး တိုက်ခန်းတစ်ခုဆီသို့
ရောက်ရှိသွားသည်။ သူ့နောက်ပဲ
လိုက်ခဲ့နေရင်းမှ ဘယ်နေရာလဲဆိုတာ
သေချာမကြည့်မိပေ။

Him  [KookJin]  ✔️Where stories live. Discover now