° 2 °

3.5K 411 49
                                    

ZAWGYI
********

အပြေးတစ်ပိုင်း မဟုတ်ပဲ အပြေးနှစ်ပိုင်းနဲ့
နောက်ဆုံးတော့ ကိုယ့်အခန်းကို ရောက်ရှိခဲ့ပြီ။

အတန်းဝင် ခြေလှမ်းလိုက်တာနဲ့ အတန်းသားအားလုံးရဲ့
မျက်လုံးတွေက ကိုယ့်ဆီကို ရောက်လာတာမို့
ရှက်ကိုးရှက်ကန်း ဖြစ်မိသည်။

ခုနက ချော်လဲတုန်းက အကျီ င်္များ ပေသွားသေးလို့လားဆိုတဲ့စိတ်နှင့်
ဟိုခါ ဒီခါနဲ့ရို့တို့ရှမ်းတန်းလေး ဝင်လျက်။

နေရာလွတ်ကို ရှာလိုက်လေတော့ ပြတင်းပေါက်နဲ့
ကွက်တိနေရာလေးက ခုံမှာ လွတ်နေတော့
ခပ်သွက်သွက်ကလေး လျှောက်သွားလိုက်သည်။
ပြတင်းပေါက်နားက လေလေးတဖြူးဖြူးနဲ့
ဒီလောက် နေလို့ကောင်းတာကိုဘာလို့များ
မထိုင်ကြတာပါလိမ့်။

သူတို့မထိုင်လည်း ငါထိုင်လိုက်ရုံပေါ့။

ခဏကြာလေတော့...

လူတွေဘာလို့ ပြတင်းပေါက်နားမှာ မထိုင်ကြတာလဲဆိုတာ သိရှိသွားခဲ့ပါပြီ။
ပူလိုက်တဲ့နေ မျက်နှာကိုပါ တည့်တည့်ထိုးတာ
ငါ့များကြိုက်နေသလားအောက်မေ့ရတယ်။

ဒီလိုနဲ့မဖြစ်လေတော့...လိုရမယ်ရယူလာတဲ့
အပေါ်ဝတ်အကျီ င်္လေးကို အိတ်ထဲမှ ထုတ်လိုက်ပြီး ပြတင်းပေါက်လေးကို
ကာထားလိုက်သည်။

ဒီလိုမှပဲအေးအေးချမ်းချမ်းလေး စာသင်ရတော့မည်။

ပထမအချိန်သင်ပြီးတော့ အေးရာအေးကြောင်းလေး နားတဲ့အနေနဲ့
ခဏလောက် စားပွဲခုံပေါ်မှာ ခေါင်းချပြီး
လှဲရန်လုပ်လိုက်သည်။

ပါးလေးတွေ အိကနဲ ဖြစ်သည်အထိ ခုံပေါ်မှာ
လှဲချအိပ်မည်လုပ်တုန်း။

"ဖြုတ်!..."

"အာ...ငါ့နှယ်နော်..."

ခေါင်းပေါ်ကို ပြတင်းပေါက်မှာကာထားတဲ့
အကျီ င်္ပြုတ်ကျလာပြီး ခေါင်းတစ်ခုလုံးကို
ဖုံးအုပ်သွားပါလေသည်။ ပထမဆုံးနေ့ကတည်းက
အရမ်းတွေကံကောင်းနေတာပဲ။

စိတ်တိုတိုနဲ့ ခေါင်းထောင်ကာ စူပုပ်ပုပ်ဖြင့်
အကျီ င်္ကိုပဲ အပြစ်တင်နေမိသည်။ အကျီ င်္ကို
ခေါင်းပေါ်က ယူချလိုက်တဲ့အချိန် အပြင်ဘက်ကိုလည်း အကြည့်ရောက်သွားသည်မို့
အကျီ င်္လေးကိုင်ထားလက်စနဲ့ ငေးကြည့်နေမိသည်။

Him  [KookJin]  ✔️Where stories live. Discover now