° 4 °

3K 408 42
                                    

ZAWGYI
********

နေသာသော နေ့လေးတစ်နေ့တစ်ဖြစ်
နေလို့ထိုင်လို့လည်းကောင်းနေသော နေ့လေးပေါ့။

ယွန်းဂီနဲ့ ဆိုင်လေးတစ်ဆိုင်မှာထိုင်နေရင်း
ယွန်းဂီကတော့ မုန့်စားပြီး ဖုန်းကြည့်နေသလောက်
အရှေ့ကနေ လှုပ်လှုပ်ရွရွလေးဖြစ်နေသူက
ဆော့ဂျင်။

လက်ထဲမှာလဲ တစ်စုံတစ်ခုကိုကိုင်ထားပြီး
မအားမလပ်လှုပ်ရှားပြုမှုနေတဲ့ လက်ချောင်းသွယ်သွယ် နူးနူးညံ့ညံ့ ခပ်ကောက်ကောက်ကလေးတွေ။ ဘယ်ဘက်ဘက်ညိုးထိပ်ကတော့ ဟိုးတနေ့က
ပြတင်းပေါက်တံခါးညှပ်ထားတာမို့ ညိုတိုတိုလေးတောင် ဖြစ်ချေပြီ။

သို့ပေမဲ့ ထိုအရာတွေကိုအာရုံမထားပဲ လက်ထဲမှာ
အသာလေးကိုင်ထားတဲ့ အရာလေးဆီသို့သာ
မျက်ဝန်းလေးတွေလက်ကနဲ။

ကလေးမုန့်ရသလို ဖြစ်ပေါ်နေတဲ့အမူအယာလေးတွေ။

"လှလိုက်တာ…အရမ်းလှတာပဲ နော်ယွန်းဂီ
ကလေးသေးသေးလေးက လှလိုက်တာ…"

"အင်း…"

ဆော့ဂျင်ရဲ့စကားအား ယွန်းဂီလည်း တချက်မှ
လှည့်မကြည့်ပဲ ဖုန်းသုံးလျက် အသံပြုလိုက်သည်။

ဒါကတော့ ခဏခဏဖြစ်နေကြမို့ ယွန်းဂီအတွက် မထူးဆန်းပေတော့။

ဒေစီပန်းပွင့်လေးတွေ ကြိုက်နှစ်သက်တဲ့ ဆော့ဂျင်ဖြစ်တာကြောင့် ဒေစီပန်းပွင့်လေး
လက်ထဲရပြီဆိုတာနဲ့ညှင်ညှင်သာသာ နူးနူးညံ့ညံ့လေး တုန်လှုပ်နေအောင် သဘောကျတက်သူ။

အခုလည်း ဒေစီပန်းပွင့်လေးကို လက်ထဲထည့်ပြီး
သဘောတကျကြည့်နေသည်။

"မစားဘူးလား…"

"ဟင့်အင်း…သူ့ ကိုပဲကြည့်တော့မှာ"

"အေးပါကွာ…ငါ assignment အတွက်
ပြင်စရာရှိသေးတယ် လစ်တော့မယ် မင်းက
နေအုံးမှာလား…"

"အွန်း…"

"ပြီးကော ငါသွားနှင့်ပြီ…"

ယွန်းဂီထွက်သွားသော်လည်း ထိုပန်းလေးကိုသာ
လက်ဖဝါးလေးထဲ ထည့်ပြီးပြုံးပြုံးလေး ဆက်ကြည့်နေသည်။

လေလေးတွေတိုးဝှေ့လာပြီး အနည်းငယ်
လေကြမ်းလာတာကြောင့် မသိလိုက်ခင်မှာပဲ
လက်ဖဝါးပေါ်မှာအသာလေးတင်ထားတဲ့
ပန်းကလေး လေနဲ့အတူလွင့်ပါကာ။

Him  [KookJin]  ✔️Where stories live. Discover now