° 7 °

3K 386 39
                                    

UNICODE
*********

"ဆော့ဂျင်…ဆော့ဂျင်…"

"…………"

ဒီနေ့တော့ အရင်နေ့တွေထက် ပို၍တိတ်ဆိတ်နေပြီး သာမန်နဲ့မတူတဲ့
အခြေအနေတစ်ရပ်။

"ငါ ဆေးထားခဲ့တယ်…ဘာမှမစားပဲနဲ့တော့
မနေနဲ့ ဆန်ပြုတ်ဝယ်ထားတယ် ထစားနော်
ပြီးရင်ဆေးသောက်…"

"…………"

ကမ္ဘာပေါ်မှာ အချောဆုံးတဲ့ ချစ်စရာအကောင်းဆုံး ကောင်လေးဖြစ်တဲ့ ဂင်မ်ဆော့ဂျင် ကျွန်တော်ဆိုသူ
တော်တော်ကိုဖျားနေပါပြီ။

မနေ့ညက ဘာမှမဖြစ်ပဲနဲ့ မနက်ရောက်ခါနီးမှ
ယွန်းဂီ သန်းခေါင်ယံ ရေထသောက်ရင်း
ကိုယ်ငြီးငြူနေတာတွေ့မှ နဖူးစမ်းကြည့်တော့
ပူခြစ်တောက်နေပါရဲ့တဲ့။

ဘာလို့လဲ အရမ်းချောတဲ့ကျွန်တော်မှ ဘာလို့ဖျားရတာလဲ ဖျားမှဖျားတော့
ဟိုဘဝင်ရူးဖျားပေါ့။ ဘာမှမဟုတ်ဘူး မနေ့ကညက အဲ့ဘဝင်ရူးနဲ့တွေ့လို့ဖျားသွားတာ
လူကိုပြောချင်ရာပြောပြီးသူကတော့
ထွက်သွားလိုက်တာပဲ ကိုယ့်မှာတော့သူ့စကားတွေကိုကြားပြီး ငုတ်တုတ်ကြီးနဲ့
အဲ့ဒီခုံမှာထိုင်နေမိတာ လေကလည်းတိုက်တော့
လေစိမ်းနဲ့ ဖျားသွားတာနေမှာ။ အအေးနဲ့ဆို
လုံးဝဓာတ်မတည့်တော့ ခနလေးအတွင်းကို
ဖျားတော့တာပဲ။

အိပ်ယာပေါ်ကစောင်လေးမှာ ခွေခွေလေးနဲ့
စောင်အပြုံကြားထဲမှာပဲ မျက်လုံးလေးကို
ခပ်မှေးမှေးလေးပွင့်လျက်သား။

"ဟူး~…"

လေပူတချက်ကိုမှုတ်ထုတ်လိုက်ပြီး
ဘာမှမရှိတဲ့ အဖြူရောင် မျက်နှာကြတ်ကိုပဲငေးကြည့်နေမိသည်။

အဲ့တော့…ဒီအပေါ်မှာ ဟိုဘဝင်ရူးရှိတယ်ပေါ့
တွေးကြလိုက်ရင် တကယ်လို့ ဒီမျက်နှာကြတ်ကြီးသာ အပိတ်ကြီးမဟုတ်ပဲ
မှန်တွေပဲကာထားရင် အပေါ်ကလူ ဘာလုပ်လုပ်မြင်နေရမှာပေါ့။ အဟီးဟီး။

ဟင်…ငါဘာတွေတွေးနေတာလဲ။ မဟုတ်ဘူး
ုပြန်ဖယ်လိုက် ခုနက တွေးပြီး ပြုံးနေတာကို
ပြန်ဖယ်လိုက်။ အဟမ်း…ကိုယ်က ရိုးရိုးသားသား
ပေါက်ကရ လျှောက်တွေးကြည့်ရုံပါ။ ဟိုလိုလေ
အပေါ်ထပ်ကလူတွေဘာလုပ်လုပ်မြင်နေရမှာ
ဆိုတော့ မပျင်းရတော့ဘူးလို့ ပြောတာ။

Him  [KookJin]  ✔️Where stories live. Discover now