° 9 °

2.9K 370 31
                                    

UNICODE
********

"မချစ်ဘူး~…"

တစ်စုံတစ်ယောက်ရဲ့ ပါးစပ်ဖျားဆီမှ
ခပ်တိုးတိုး ရွတ်ဆိုလာသော အသံကြောင့်
ဘေးနားမှာ ထိုင်နေသူ ထယ်ဟျောင်းက
မသိနားမလည်သော မျက်ဝန်းများဖြင့်
လှည့်ကြည့်လာသည်။

အရှေ့မှာ ဆရာမက စာသင်နေသော်လည်း
နောက်ဆုံးတန်းကနေ အာရုံမရပေ။

"ကျစ်!…"

စုတ်သပ်တစ်ချက် သပ်သံကြောင့် ထယ်ဟျောင်းတင်မက အရှေ့ခုံက လူတွေပါ
လှည့်ကြည့်လာသည်။

"ရား…ဂျောင်ကု မင်းဘာဖြစ်နေတာလဲ"

"မချစ်ဘူး…"

"ဟင်…"

မနက်ကတည်းက ဆက်တိုက်
ထိုစကားကိုသာရေရွတ်နေသူကြောင့်
ထယ်ဟျောင်းတစ်ယောက်
သူ့သူငယ်ချင်းကို နားမလည်နိုင်စွာဖြင့်
ခဏခဏကြည့်မိသည်။

"မင်း…အချစ်စစ်ကြီးတွေ့နေလို့လား…"

"အရေးမပါတာ…"

"အေးပါကွာ မင်းဟာကလဲ ဒီနေ့မှ
အရမ်းတွေ စိတ်ဆက်နေတာ…"

"ဟူး~…တော်ပြီ အတန်းဆင်းတော့မယ်"

"ဟင်…ဟေ့ကောင် ဆရာမ
မထွက်သေးဘူးလေ"

"ပြတင်းပေါက်က ထွက်လိုက်မယ်…"

"ဟင်!!!…"

နောက်ဆုံးခုံကနေ ဆရာမ အရိပ်အကဲ
တစ်ချက်ကြည့်ပြီး လွှားကနဲ ခုန်ဆင်းသွားသူ
ဂျောင်ကုကြောင့် ထယ်ဟျောင်းလဲ
သွေးတက် မတက် ဖြစ်သွားခဲ့သည်။

တော်ရုံဆို ဒီလိုမဟုတ်ပေမဲ့ ဒီနေ့မှ
အတော်လေးကို ထူးဆန်းနေခဲ့သည်။
အသဲကွဲမဲ့ သူစားမျိုးလဲ မဟုတ် သူပဲကောင်မလေးတွေ သောင်းပေါင်း
ခြောက်ထောင်ကို အပျော်တွဲပြီး
အသဲခွဲနေကြကို
တစ်မိုးအောက် တစ်ယောက် ဂျွန်ဂျောင်ကုက
အသဲကွဲတယ် အတည်ချစ်တဲ့သူနဲ့ တွေ့မယ်ဆိုတာတော့ မဖြစ်နိုင်။

ဘာကြောင့်များပါလိမ့်။

***  ***  ***

အိပ်မှုန်စုံဖွှား ဟိုကုတ်ဒီကုတ် အူကြောင်ကြောင်ဖြင့် အတန်းထဲက ထွက်လာသူက ဆော့ဂျင်။

Him  [KookJin]  ✔️Where stories live. Discover now