° 10 °

3.2K 376 45
                                    

UNICODE
*********

လူတိုင်း လူတိုင်းမှာတော့ ကြည့်မရတဲ့သူ
တစ်ယောက်မက နှစ်ယောက်ဖြစ်ဖြစ်
ဒါမှမဟုတ်လဲ တစ်ယောက်ကတော့ အနည်းဆုံးရှိကောင်းရှိနိုင်မှာပေါ့။
ကျွန်တော့်အတွက်တော့
ကြည့်မရတဲ့သူ တစ်ယောက်တော့ ရှိပေမဲ့
ကြာလာတော့ ခံစားချက်တွေ
ရောထွေးလာတယ်။

မုန်းလွန်းလို့လား ဒါမှမဟုတ်
ကိုယ်မသိနိုင်တဲ့မသိစိတ်က
တစ်စုံတစ်ခု ကပ်ငြိ သွားလို့လား။
မြတ်နိုးမိခြင်း,ချစ်မိခြင်း,သံယောဇဉ်
ကပ်တွယ်ခြင်း ဆိုတဲ့ တွယ်ငြိခြင်းတွေထဲမှ
ချစ်မိခြင်း ဆိုတဲ့ တွယ်ငြိခြင်းကို
အမုန်းဆုံးဖြစ်ပါလိမ့်မည်။

ခေါင်းထဲ ရီဝေဝေ မူးလည်လည် ဖြစ်နေတော့
သတိရမိလိုက်တဲ့ ခံစားမှုလေးက
ကိုယ့်နှုတ်ခမ်းသား အထက်ကို နောက်ထပ်
နှုတ်ခမ်းသားတစ်စုံတစ်ခု ဖိကပ်ရင်း
နွေးထွေးမှု ခံစားလိုက်ရသလို။

ရီဝေဝေ ဖြစ်နေရင်းကြားမှ မျက်လုံးကို
ဖွင့်လိုက် ပိတ်လိုက် လုပ်ကြည့်ရင်း
မြင်ကွင်းအရှေ့ဝေဝေဝါးဝါးလေး
ပေါ်လာသော အရိပ်လေး တစ်ခုကြောင့်
ပါးလေးတွေမို့တက်နေအောင် ပြုံးပြီး။

"ဦးလေးရီး...ချောလိုက်တာ"

"............."

"အိပ်ချင်ဒယ်... ချီပါ"

"အင်း... လိုက်ပို့ပေးမယ်"

ပုံမှန်ဆိုရင် နေရခက်စေမဲ့ အခြေအနေ
ဖြစ်ပေမဲ့ ဆော့ဂျင်အတွက်တော့ ပုံမှန်
အခြေအနေအတိုင်းပင်။ အကယ်၍
အယ်လ်ကိုဟော မဝင်ပဲ ပုံမှန်စိတ်အခြေအနေသာဆိုရင်ကော ဒီလိုမျိုး
ပြုမူနိုင်မှာတဲ့လား။ ခရမ်းချဉ်သီး ဆော့ဂျင်
ဖြစ်နေမယ်ဆိုတာအမှန်။

ချောင်းတချက် ဟန့်လိုက်
လည်ချောင်းရှင်းလိုက် လက်နှစ်ဖက်ကို
ပွတ်လိုက်ဖြင့် လုပ်ပြီး ဆော့ဂျင်ရှိရာကို
ကျောခိုင်းကာ ခန္ဓာကိုယ်ကို ဦးညွှတ်ပေးသည်။

အချိန်အတော်ကြာ စောင့်ပေးနေတာတောင်
ကျောပေါ်သို့ မတက်လာတာကြောင့်
မျက်မှောင်အနည်းငယ်
ခပ်စုကျုံ့ကျုံ့ဖြစ်ကာ
လှည့်ကြည့်လိုက်လေတော့။

Him  [KookJin]  ✔️Where stories live. Discover now