° 14 °

2.6K 333 34
                                    

UNICODE
*********

"ငါလဲမပြန်ချင်တော့ဘူး…"

ထိုစကားအဆုံး နှုတ်ခမ်းလွှာတွေ ရှိရာဆီသို့
လက်မလေးဖြင့် ပွတ်ဆွဲသွားကာ
အကြည့်တွေဟာ ခပ်ရီဝေဝေ။

နောက်ထပ်တဖန် နှုတ်ခမ်းလွှာတွေဆီသို့
ထပ်မံ ဦးတည်လာသည်မို့။

"မောင်!…"

အလန့်တကြားပြောကာဖြင့် မျက်နှာကို
တဖက်လွှဲလိုက်မိသည်။ ထိုအပြုအမူက
သူ့ကိုစိတ်ရှုပ်သွားစေဟန် သိသာသည်။
အမြဲတမ်း မလှုပ်မယှက် ဖြစ်တည်နေတဲ့
မျက်ခုံးတွေဟာ သာမန်ထက် တွန့်ချိုး
သွားစေပြီး။

"ဘာဖြစ်တာလဲ…"

"မဟုတ်…ဟိုဟာ…ငါတို့ပြန်မရောက်တာ
အဆောင်မှူးသိရင် အပြောခံရမယ်…"

"ဂရုစိုက်နေစရာမလိုဘူး…မင်းက
ဂရုစိုက်ရမှာ ဒီရှေ့က ကောင်ကို…"

"ဟမ်…ဒါပေမဲ့ ငါအဆူခံထိမှာ…တစ်ခါက
ငါ ယွန်းဂီနဲ့ အပြင်ထွက်တာ နည်းနည်းလေး
နောက်ကျတာကို ငါ့ကိုဆူတာ…"

"ခံလိုက်ပေါ့…"

"ဟမ်…ဘာကြီး…"

"မင်းက ယွန်းဂီဆိုတဲ့ လူကြီးနဲ့ သွားတာကို"

ယွန်းဂီကို ဂျောင်ဂုက သိတယ်တဲ့လား
တွေးကြည့်ရင်တော့ သိပ်ပြီး အဆက်အစပ်
မရှိပေမဲ့။ ဒါမှမဟုတ် တစ်ခါက
အားကစားပွဲမှာ ပြိုင်ဘက်အသင်းအနေနဲ့
တွေ့ဖူးလို့များလား။

"မင်းက ယွန်းဂီကို သေချာသိတာလား"

"အင်း~…ဆိုပါတော့"

ဆော့ဂျင်ရဲ့ နဖူးပြင် ပြေပြေပြစ်ပြစ်ပေါ်မှ
ကျဆင်းနေတဲ့ ဆံနွယ်နူးနူးညံ့ညံ့လေးတွေကို
ဖယ်ပေးရင်း သံရှည်ဆွဲကာ
ပြောလိုက်သောစကား။

"ဘယ်လိုသိတာလဲ…"

"မေးခွန်းတွေများလိုက်တာ…ဒီက
ဂျွန်ဂျောင်ဂု ဆိုတဲ့ လူကိုပဲ နည်းနည်းလောက်
ဂရုစိုက်ပေးလို့ မရဘူးလား…"

"သိချင်လို့လေ…ဒါနဲ့ မင်းက အရမ်းတွေ
လျို့ဝှက်ချက် များတယ်နော်…"

"…………"

"တစ်ခုခုဆို ဖုံးကွယ် ထားတာက များနေတယ်
အရင်က ရည်းစားများတာကိုတောင်မှ
ငါကထည့်ပြီး မပြော…"

Him  [KookJin]  ✔️حيث تعيش القصص. اكتشف الآن