° 16 °

2.7K 345 25
                                    

UNICODE
*********

အထီးကျန်ပေမဲ့ အရောင်အဝါတွေ ရှိန်အောင်
တောက်ပနေတဲ့ လမင်းကြီးအောက်၌
ဝမ်းနည်းမှု ပျော်ရွှင်မှု အထီးကျန်မှု အစရှိတဲ့
စိတ်ခံစားချက်များစွာ ခံစားကြရသည်။

ညဆိုတဲ့ အချိန်က ကြိုက်တဲ့သူလဲ ရှိသလို
မကြိုက်တဲ့ သူလဲ ရှိပါသည်။ ပျော်ရွှင်တဲ့
လူတချို့အတွက်တော့ ပိုပြီးပျော်ရွှင်ရတဲ့
အချိန်ဖြစ်ပေမဲ့ အထီးကျန်ပြီး အမြဲတမ်း
ဝမ်းနည်းမှုတွေ ခံစားတက်တဲ့ သူအဖို့တော့
ညဆိုတာကြီးက မရောက်ချင်တဲ့အရာပါပဲ။

မှောင်ရိပ်ခိုနေတဲ့ လမ်းချောင်ကြားလေးထဲ
ခံစားချက်တွေ မျိုးစုံ တည်ရှိနေကြတဲ့
လူငယ်လေးနှစ်ယောက်။

တစ်ရှုံ့ရှုံ့ဖြင့်ငိုလျက် နံရံကို မှီကာ
ဆောင့်ကြောင့်ထိုင်ချပြီး မျက်ရည်တွေကို
တိတ်အောင်မလုပ်နိုင်ဖြစ်နေသော ဆော့ဂျင်။
ထို့အတူပင် ဘေးနားကပ်လျက်နေပြီး
ခေါင်းလေးစောင်းကာ ဆော့ဂျင်ရဲ့
ပါးပြင်ပေါ်မှ ကျဆင်းလာသမျှ
မျက်ရည်တွေကို လက်ချောင်း
ရှည်သွယ်သွယ်လေးတွေဖြင့် ခပ်ဖွဖွ
ဖိသုတ်ပေးနေတဲ့ ဂျောင်ဂု။

ကလေးတစ်ယောက်လို အငိုမတိတ်နိုင်
တရှုံ့ရှုံ့ဖြစ်နေသူကို ရင်ခွင်ထဲထည့်ကာ
နှစ်သိမ့်ပေးနေမိသည်။ ကျောပြင်လေးကို
ခပ်ဖွဖွ ပွတ်ပေးလေ ရှိုက်သံလေးကပိုပြီး
ထွက်ပေါ်လာလေဖြစ်သည်။

အချိန်လေး ပေးကာ စိတ်ရှည်လက်ရှည်ဖြင့်
ချော့မြူလေတော့ ရှိုက်သံလေး တဖြေးဖြေး
ငြိမ်လာသည်။

"အိပ်ချင်တယ်…"

အသံလေး ခပ်တိုးတိုးလေးဖြင့် ရင်ခွင်ထဲမှ
နေရင်း လှမ်းပြောလိုက်တာကြောင့် သေချာ
မကြားမိပေ။

"အွန်း ဘာပြောလိုက်တာလဲ~…"

"အိပ်ချင်တယ်…"

"အိပ်ချင်တယ်ပြောတာလား လိုက်ပို့မယ်လေ
အဆောင်ရောက်ရင် သေချာနားလိုက်…"

"မောင်ကဘယ်သွားမလို့လဲ…"

"မဟုတ်ဘူးလေ…လိုက်ပို့မယ်ဆိုတာက
ပြန်ရအောင်လို့ပြောတာ"

Him  [KookJin]  ✔️Where stories live. Discover now