° 1 °

6.4K 444 27
                                    

ZAWGYI
********

Play?…အဲ့ဒီစကားလုံးနဲ့ ပက်သက်တဲ့ အရာတွေ
မှန်သမျှ ကျွန်တော်မုန်းတယ်။ ငယ်ငယ်တုန်းကတောင် အရုပ်ကလေးတွေက
ကစားစရာမှန်း သိသိရဲ့နဲ့ ကျွန်တော်မကစားခဲ့တာ
ဘာလို့ဆို ကစားတယ် ဆိုတဲ့ စကားလုံးကို
သိပ်မုန်းလွန်းအားကြီးလို့။

အင်း…လူတွေရဲ့ အချစ်တွေကို ကစားနေတဲ့လူတွေကိုတော့ အရိုးထဲအသားထိ
စိမ့်ဝင်နေအောင်ကို ပိုမုန်းတယ်။
.
.
.
.
.
"ရှပ်…ရှပ်…"

တိတ်ဆိတ်နေသော တက္ကသိုလ်
စင်္ကြန်လမ်းထက် ဖိနပ်သံတရှပ်ရှပ် တစ်ချက်
မြည်တီးသွားခဲ့ပေမဲ့ ဘယ်လောက်မှမကြာလိုက်
ပြန်ငြိမ်သက်သွားခဲ့သည်။

အကြောင်းအရင်းကတော့ ဖိနပ်သံ တရှပ်ရှပ်
မြည်နေတာကို သိသိချင်း လျှောက်နေသည်ကို
ရပ်လိုက်ကာ အသံမမြည်အောင် ဖွဖွလေး
ပြန်လျှောက်လိုက်သော သူကြောင့်ပင်။

ဘေးချင်းကပ် ဖြတ်လျှောက်မိတာနဲ့
သင်းပျံ့ တဲ့ ရနံ့လေးတစ်ခု ရတတ်သည်မို့
ဖြတ်လျှောက်မိသူတိုင်း လည်ပြန်ကြည့်မိသည်အထိ။ ခြေသံ ဆူညံညံ
ကြားလျှင်လည်း ခြေသံမကြားအောင်
ဖွဖွလေး လျှောက်တတ်သူ။

ပိတုံးရောင်လိုနက်မှောင်လွန်းတဲ့
ဆံပင်ခပ်ပျော့ပျော့လေးတွေ။ အညိုရောင်
မျက်ဝန်းလေးတွေ။ ဒါ့အပြင် နှင်းဆီဖူးနှုတ်ခမ်း
လေးကိုင်းသဏ္ဌန်ကွေးညွှတ်ညွှတ် ထွေးထွေးလေး
တည်ရှိနေတဲ့ နှုတ်ခမ်းလုံးလုံးလေး။
ဆိုးဆေးအကူမပါပဲ အနီရောင်သန်းနေတဲ့
ပါးမို့မို့လေးတွေ။ အရမ်းကော့ညွှတ်နေသည့်
မျက်တောင် မဟုတ်သော်လည်း ခပ်စင်းစင်းလေးဖြင့် ရှည်ကျနေသည့် မျက်တောင်စုလေးတွေ။ ထိုမျက်တောင်စုလေးတွေအပေါ်၌ တည်ရှိနေသော
မျက်ခုံးမွှေးထူတန်းတန်းလေးတွေဟာလည်း ဘာနဲ့မှနှိုင်းယှဉ်လို့မရ။

ယောကျာ်းလေးတစ်ယောက်ဖြစ်ပေမဲ့
ပြီးပြည့်စုံလွန်းသော လှပမှုတွေ အလုံးစုံ
တည်ရှိနေတဲ့ကောင်လေး။ မိန်းကလေးတွေကဲ့သို့
ကနွဲ့ကနှောင်း ဖြစ်တည်နေသည်မဟုတ်ပဲ
ယောကျာ်းဆန်ဆန် စွဲဆောင်မှုနှင့်
သူ့ အလှနဲ့သူရှိသည့် ယောကျာ်းလေးတစ်ယောက်။ လက်တစ်ဖက်မှာလည်း ဝတ္တု စာအုပ်လေးတစ်ခုကို ကိုင်ဆောင်ထားသည်။

Him  [KookJin]  ✔️Hikayelerin yaşadığı yer. Şimdi keşfedin