° 11 °

2.9K 360 29
                                    

UNICODE
*********

လူတွေများစွာ ရှိနေတဲ့ နေရာမှာ ထိုသို့
မတိုးမကျယ် နှစ်ယောက်သာ ကြားရတဲ့
လေသံမျိုး ပြောလိုက်တဲ့ စကားကြောင့်
ရင်ထဲ တလှပ်လှပ်။

တစ်ဖက်လက်မှာ ပုဝါကို တင်းကြပ်စွာ
ဆုပ်ကိုင်ထားပြီး။ ကျန်လက်တစ်ဖက်က
ထိုသူ့ရက်ဘတ်ပေါ်မှာ။ ထိုနေရာမှာတင်
ငေါင်တောင်တောင်ကြီး မျက်လုံးပြူးလျက်
ကြည့်နေမိသည်။

မျက်လုံးတွေတောင် ပြူးပြာကုန်တာလား
အရှေ့မှ မြင်ကွင်းကို သေသေချာချာ
သဲသဲကွဲကွဲ မမြင်ရတော့ပေ။
ဒီသဘောက ရုတ်တရက်ကြီး ဘာမှ
မဆီမဆိုင် ဖွင့်ပြောခံလိုက်ရတာလား။

အနောက်ကို ကျော်ပြီး
လှမ်းကြည့်လိုက်လေတော့ ကိုယ်တွေကို
ကွက်ကြည့်ကွက်ကြည့်နှင့် ခပ်တိုးတိုး
ကပ်ပြောနေကြတဲ့ လူအချို့ကို
လှမ်းမြင်လိုက်တာကြောင့် ရင်ဘတ်ထဲ
ဒိတ်ကနဲ။ နောက်ပြီး ယွန်းဂီတို့ ရှိရာကို
ကြည့်လိုက်လေတော့လဲ ကိုယ်တွေဆီကို
လှမ်းကြည့်နေသည်။

ဘာဖြစ်နေမှန်းမသိတဲ့ မျက်ဝန်းတွေနဲ့ပေါ့။

သူ့ရင်ဘတ်ပေါ်မှာ တင်ထားတဲ့ ကိုယ့်ရဲ့
လက်တွေကို ရုတ်လိုက်ပြီး အနောက်ကို
တဖြေးဖြေး ဆုတ်ခွာ လိုက်သည်။
ထိုအပြုအမူကြောင့် အရှေ့က သူလည်း
နားမလည်သော မျက်ဝန်းများဖြင့်
လှမ်းကြည့်သည်ကို တွေ့လိုက်ရသည်။
စူးစိုက်ကြည့်နေရင်း သူ့မျက်ဝန်းတွေဟာ
အရောင်တောက်သွားပြီး မျက်ခုံးတန်းတွေ
သိသိသာသာကို စုကျုံ့သွားသည်။

"ဆော့ဂျင်…"

ဒေါသသံလဲမဟုတ် သိမ်မွေ့နူးညံ့သည်လဲ
မဟုတ်ပါပဲ ပုံမှန်ထက် တည်တည်ငြိမ်ငြိမ်
ဖြစ်နေတဲ့ လေသံ။ 

"ဖြက်…ဖြက်…ဖြက်…ဖြက်…"

ထိုအကြည့်တွေ မေးခွန်းတွေမြောက်မြားစွာ
ဖြစ်တည်နေတဲ့အကြည့်တွေကို ရှောင်ဖို့
အနောက်ကိုလှည့်ကာ ပြေးခဲ့တော့သည်။

ကိုယ့်အနောက်မှာ ကျန်ခဲ့တဲ့သူကိုတော့
ပြန်မကြည့်ရဲတော့ပေ။ လောလောဆယ်
ရှုပ်ထွေးနေသော ဦးနှောက်။ ရင်ဘတ်ထဲက
အကောင်ကလဲ ဗြုန်းဒိုင်းကျဲ နေလေသည်။
ဘာလို့ ဒီလောက်တောင်
နှလုံးခုန်နေရတာပါလိမ့်။ ဒါ့အပြင်
ခုနက မို့တက်နေတဲ့ ရင်ဘတ်အုံကို
လက်ဖြင့် ထိထားမိခဲ့တဲ့ ခံစားချက်
အထိအတွေ့က ပြန်ပြီး
သတိရလာတာကြောင့် ရင်ဘတ်ထဲ
ကလားဘုရား လှည့်နေသလား။

Him  [KookJin]  ✔️Όπου ζουν οι ιστορίες. Ανακάλυψε τώρα