"နင်ပဲ၊နင်ပြန်လာပြီပဲ!" ဝေစစ်ချီ ဗလုံးဗထွေး ထုတ်ပြောလာ၏။ "နင် နင် နိုင်ငံခြားမှာရှိနေရမှာ မဟုတ်ဘူးလား?ဘာလို့နင်ကပြန်လာရတာလဲ?"

အကယ်၍ သူမ ပြန်လာတာ တစ်ခုတည်းဖြင့် သူမကို ယီကျွင်းသည် ထိုသို့ အေးအေးစက်စက်ဖြင့်ဆက်ဆံမည်မဟုတ်ပေ။ သူမ အိမ်ကနေထွက်လာသော မနက်ပိုင်းတွင် ချန်းယီကျွင်း၏ weibo အပိုအကောင့်ကို သူ၏ဖုန်းတွင် တွေ့လိုက်ရ၏။ ထိုအကောင့်တွင် နဉ်ရှီနှင့် ပတ်သက်သည့် အရာမှန်သမျှကို follow ထားသည်။

သူမ၏ ဘဝသည် နဉ်ရှီကြောင့် ဖျက်ဆီးခံလိုက်ရပြီး ပျော်ရွှင်မှုအရာအားလုံးကို အပေါက်ကြီးကြီးတစ်ခုခု က စုပ်ယူသွားသလိုခံစားနေကာ ဘယ်တော့မှ ပြည့်သွားမည်မဟုတ်သလိုမျိုးပင်။

ယခု ဝေစစ်ချီ၏ ပုံစံကိုကြည့်ပြီး နဉ်ရှီ သူမနှင့်ထပ်ပြီး စကားမပြောချင်တော့ပေ။ သူမ၏ ခါးကိုပြန်မတ်လိုက်ကာ လှောင်ပြုံးတစ်ခုဖြင့် နောက်ပြန်ဆုတ်သွား၏။ သူမ၏ မျက်နှာကို ပင့်လိုက်ကာ နေမရထိုင်မရဖြစ်နေသည့်​ဝေသုန်လိုင်ကို ကြည့်ရင်း "မ​စ္စတာဝေ ကျေးဇူးပြုပြီး ရှင့်ရဲ့ညီမကို ဝေးဝေးခေါ်သွားလိုက်ပါ၊ ဒါက ရှုတင် ဖြစ်ပြီး ဝေအိမ်လိုမျိုး သူမရူးရူးမိုက်မိုက်လုပ်လို့နေရာမဟုတ်ဘူး"

"ကျွန်တော်တကယ်ကိုတောင်းပန်ပါတယ်၊ စစ်ချီက မူးနေပြီး သူမဘာလုပ်လို့လုပ်နေမှန်းတောင်သိလောက်မှာ မဟုတ်ပါဘူးဗျာ ၊နှောင့်ယှက်မိတဲ့အတွက် ထပ်ပြီးတောင်းပန်ပါတယ်ဗျာ" ဝေသုန်လိုင်သည် အရူးတစ်ယောက်မဟုတ်ပါချေ၊ နဉ်ရှီ၏ သဘောထားအရ နဉ်ရှီ သူ၏ညီမနှင့် အသိဖြစ်ကြောင်း သဘောပေါက်ပေ၏။ ကြည့်ရသလောက် စစ်ချီသည် မိဘများ အလိုလိုက်ထား၍ သူမအပေါ် ဆိုးဆိုးရွားရွားတစ်ခု လုပ်ခဲ့ပုံပေါ်နေ၏။

သွေးကရေထက်ပိုပျစ်သလိုပင်။ သူ သူ၏ညီမလေးကို အပြစ်မတင်ရက်သောကြောင့် သူမကိုယ်စားတောင်းပန်နေသည်။

"မစ်ဝေက ကလေးမဟုတ်တော့ဘူးလေ သူမရဲ့အမှားတွေကို ရှောင်ထွက်သွားဖို့ "အသိတရားမရှိ"ဆိုတဲ့ စကားလုံးကို တစ်သက်လုံး သုံးလို့မရဘူးနော်" နဉ်ရှီ လှောင်သည့်သဘောနှင့် ပြုံးလိုက်ကာ "ဝေအိမ်ကချမ်းသာတဲ့ အိမ်တော်ကြီးပါ ဘာလို့ကျွန်မတို့လိုသေးသေးသိမ်သိမ် ထုတ်လုပ်အရေးအဖွဲ့ကို အနိုင်ကျင့်နေရတာလဲရှင်?အကယ်၍ မစ်ဝေက ကျွန်မအပေါ်မကျေနပ်ချက်ရှိရင်တောင် သက်သက်စီတွေ့ပြီးပြောလို့ရပါတယ်။ ဒီအဖွဲ့တစ်ခုလုံးကို ဘာလို့ဆွဲထည့်နေရတာလဲ"

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now