"ခွန်း ခရစ်စမတ်လဲနီးလာပြီ ခွန်းဘာလိုချင်လဲ"
"မောင်ကသာ ခွန်းအလိုချင်ဆုံးအရာပဲ"
မမှီမကန်းဖြင့် ခြေထောက်ကာ မောင့်ရဲ့ဆံနွယ်လေးတွေကိုဖွမိပြန်သည်။မောင့်ကတော့ ကျွန်တော်ကိုတစ်စိမ့်စိမ့်ငေးကာ ကြည့်မဝဖြစ်နေခဲ့သည်။ထို့နောက် နဖူးလေးသို့အနမ်းခြွေမိတော့ မောင်ဟာလည်း ကျွန်တော့်နဖူးကို ပြန်လည်ကာအနမ်းခြွေသည်။လက်ချောင်းများကိုရစ်ပတ်ကာ ထိုလမ်းကလေးထဲတွင် အတူတကွ လမ်းလျှောက်ကြသည်။မှောင်ရီပျိုးနေသော်လည်း အိမ်မပြန်ခဲ့ကြ။ရသမျှအချိန်တွေအကုန် ထိုအမျိုးသားနှင့်သာကုန်ဆုံးမည်။ချစ်လို့လဲမဝသလို အချစ်ခံရရုံလောက်နဲ့လဲ မလုံလောက်ပြန်။တစ်ခါတစ်လေ မတင်းတိမ်နိုင်လောက်စွာ ထပ်ခါထပ်ခါလိုချင်သည့် အနွေးဓာတ်ကလေး။နှင်းမှုန်သေးသေးလေးများကျလာနေသလို မောင်ကဟာလဲမောင်ပီသစွာချောမောနေခဲ့သည်။ကျွန်တော်အကြိုက်ဆုံးချောကလတ်တောင် မောင့်နှုတ်ခမ်းလောက်မချိုပေ။မောင်နဲ့ကျမှပဲ ချစ်တဲ့စိတ်ဟာမတင်းတိမ်နိုင်ခဲ့ ငေးကြည့်ချင်သည် ရင်ခွင်ထဲသို့တိုးဝင်ချင်သည် ဝှက်ထားချင်သည် မောင်ဟာကျွန်တော့်ရဲ့မူပိုင်ဖြစ်သည်။
"မောင် ခွန်းကိုချစ်လား"
"ချစ်တယ်"
"ချစ်လား"
"ချစ်တယ်"
"ချစ်လား"
"ခွန်းကကိုယ်ချစ်တာကို မယုံဘူးလား"
"မောင့်စီကချစ်တယ်ဆိုတဲ့စကားလေးကို ခဏခဏကြားချင်ယုံပါ"
"ဒါဆို ကိုယ်နေ့တိုင်းမရေမတွက်နိုင်အောင် ခွန်းငြီးငွေ့ပြီးမကြားချင်ရင်တောင် ကိုယ်ကချစ်တယ်လို့ခဏခဏပြောတော့မယ်"
မောင့်ရဲ့လူဆိုးဆန်တဲ့ အကျင့်လေးတွေ
လူကြီးဆန်တဲ့ အကျင့်လေးတွေ
ကလေးဆန်တဲ့ အကျင့်လေးတွေ
ကြောင်လေးလို ကပ်ချွဲတတ်တဲ့အကျင့်လေးတွေ
ချစ်မိတော့လဲ မောင့်ရဲ့အရာအားလုံးကိုသဘောကျနေမိသည်။မောင်ဆိုတဲ့ ကမ္ဘာငယ်လေးကို အဆုံးထိသယ်ဆောင်သွားချင်သည်။တစ်နေရာရာမှာ တစ်စုံတစ်ယောက်က ကိုယ့်အတွက်ရှိနေပေးတယ်ဆိုတာ ဘယ်လောက်တောင်နွေးထွေးလိုက်သလဲ..။
__________________________________________
ခွန်းတ
YOU ARE READING
ခွန်းတခြန္းတ(ongoing)
רומנטיקהခွန်းတ စောင့်နေရတာကို မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း ကျွန်တော်မချစ်ချင်..။ ________________________________ ဇေ ကျုပ်ကိုစိုက်ကြည့်ပြီး ခေါ်လိုက်တဲ့ နာမ်စားလေး "မောင်"တဲ့။ ရင်ထဲကအကောင်က တစ်ဒုန်း...
ခွန်းတ(16)
Start from the beginning