အင်တာနက်သုံးစွဲသူ အေ : နတ်ဘုရားမနဉ်ရှီ ဘယ်တက္ကသိုလ်ကဘွဲ့ရလဲဆိုတာ ငါသိပြီထင်တယ်။ ငါပြောချင်တာက ဘာလဲဆို လှတာနဲ့တင် အဆင်ပြေနေပြီမလား ဘာလို့ပညာသင်ဆုရကျောင်းသားပါ ဖြစ်နေရတာလဲ?

အင်တာနက်သုံးစွဲသူ ဘီ : မင်းသိတာတွေကို မဖုံးထားနဲ့...မင်းမှာသတ္တိရှိရင် ထုတ်သာပြောလိုက်!

ခန့်မှန်းချက်ပေးနေကြသည့်ကောမန့်တွေက များသထက်များလာပြီး သတင်းကိုအငမ်းမရသိချင်နေသည့် အင်တာနက်သုံးစွဲသူတွေကို တန်းလန်းထားခဲ့‌လေသော ‌အနုပညာ‌လောကရဲ့ အတင်းအဖျင်းဘဒိုကြီးတစ်ယောက် နောက်ဆုံးတွင်တော့ Weiboတွင် နောက်တစ်ဖန်ပေါ်‌လာလေပြီ။

အနုပညာလောကရဲ့ အတင်းအဖျင်းအိုးကြီး : နဉ်ရှီက အက်ဒင်ယူနီဗာစီတီရဲ့ နာမည်အကြီးဆုံး ဘွဲ့ရတစ်ယောက်ဆိုတာကို တချို့သူငယ်ချင်းတွေ ခန့်မှန်းမိကြပြီထင်ပါတယ်။ ရုပ်ရှင်မင်းသမီးနဲ့သူငယ်ချင်းဖြစ်နေတဲ့လူတွေကို ‌ပတ်ရမ်းပြီးဆဲဆိုနေတဲ့ တချို့သောလူတို့ရေ...လူတွေကိုကြိမ်းမောင်းဖို့ထွက်မလာခင် နင်တို့ကရော တခြားသူတွေထက် တော်နေရဲ့လား သွားပြန်ကြည့်ကြပါအုံး!

[T/N: နဉ်ရှီဘွဲ့ရခဲ့တာ Scotland က The University of Edinburgh ကပါ။ United Kingdom က England, Scotland, Wales နဲ့ Nothern Irelandတို့နဲ့ ဖွဲ့စည်းထားတာဆိုတော့ အရှေ့ကနဉ်ရှီပြောခဲ့တဲ့ United Kingdom မှာနေခဲ့တယ်ဆိုတာ မှန်တယ်လို့ပြောရမှာပေါ့။ တော်ကြာ ရောနေကြမှာစိုးလို့]

မုန်းတီးသူ အေ: ဟဟ မင်းတို့မားကတ်တင်းအကောင့်တွေက တော်တော်ကြွားလုံးထုတ်ကြတာပဲ။ မင်းတို့မှာအစွမ်းအစရှိရင် သက်သေပြလေ။ အမှန်တရားကိုမသိရင်လဲ သူမကကမ္ဘာ့အဆင့်သုံးစာရင်းဝင် ကျောင်းရဲ့ဘွဲ့ရတစ်ယောက်လို့ ဘာလို့မပြောလိုက်တာလဲ?

မုန်းတီးသူ ဘီ : နတ်ဘုရားမနဉ်က အံ့ဖွယ်ကောင်းချက်‌အေ။ နတ်ဘုရားမနဉ်ရဲ့ ကိုယ်ရည်သွေးတဲ့စကေးလ်ကတော့ မိုးကောင်းကင်ကြီးကို ထိုးဖောက်သွားမတတ်ပဲနော်။ လုံးဝဖျက်စီးမရတာဆိုလို့ နတ်ဘုရားမနဉ်ရဲ့မျက်နှာပဲရှိတယ်။ အဲ့ဒါ(အက်ဒင်ကဘွဲ့ရခဲ့တာ)သာမှန်တယ်ဆိုရင် ငါဒူးထောက်ပြီး မင်းကိုအဖေခေါ်လိုက်မယ်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now