[T/N: ကိုယ်ဒီမှာသုံးထားတဲ့ ‘နဉ်ရှီရဲ့မျက်နှာ’က အလှကိုကိုယ်စားပြုတာမဟုတ်ဘူးနော်။ ‘ဆက်ဆံရေး’ကို ရည်ညွှန်းထားတာ။ ဥပမာ - ကိုယ့်မှာသူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုပါစို့။ အဲ့သူငယ်ချင်းအမက စက်ချုပ်တယ်ပေါ့။ ကိုယ်က အားပေးတဲ့အနေနဲ့ အထည်သွားအပ်တယ်ထားပါ။ အထည်ရလာတော့ စိတ်ကျေနပ်မှုမရှိဘူးပေါ့။ ဒါပေမဲ့ သူငယ်ချင်းမျက်နှာနဲ့ ငါဗွေမယူတော့ပါဘူးလေ လို့ ကိုယ်ကတွေးပြီး ငြိမ်နေလိုက်မယ်။ အဲ့မှာသုံးထားတဲ့ မျက်နှာမျိုးပါ]

ပို့စ်တင်ပြီးသည့်နောက် ဖိအားအများဆုံးလူတွေကား အနှီအနုပညာလောကမီဒီယာတွေနှင့် အချို့အတင်းအဖျင်းဘလော့ဂါတွေပင်။ နဉ်ရှီနှင့်ချန်းဥက္ကဌတို့က အမှန်ပင်မပြောသင့်သည့် ဆက်ဆံရေးမျိုးရှိနေတာမဟုတ်ဘဲ သူငယ်ချင်းဟောင်းတွေဖြစ်၍နေ၏။

ကျို့ကျီက ဖျော်ဖြေရေး‌လောကရှိကုမ္ပဏီများအနက် အကြီးဆုံးနှင့်ကတိအတည်ဆုံးကုမ္ပဏီတစ်ခု မဟုတ်သော်ငြား ချန်းရှီကွေ့၏ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်လိုက်သည်မှာ အဆန်းမဟုတ်တော့။ လက်စသတ်တော့ သူတို့လူတွေမှာ အဆက်အသွယ်ရှိနေတာကိုး။

အနုပညာလောကရဲ့ အတင်းအဖျင်းအိုးကြီး : “ပျော်ပျော်ရွှင်ရွှင် စကားပြောကြမယ်” အစီအစဉ်ရဲ့ နောက်ဆုံးအကြောင်းကို netizenဘယ်လောက်များများ ကြည့်ခဲ့လဲဆိုတာတော့ ငါမသိဘူး။ အထူးဧည့်သည်တစ်ယောက်ဖြစ်တဲ့ နဉ်ရှီက ပြည်ပကဘယ်ကျောင်းမှာသွားသင်ခဲ့လဲဆိုတာ မပြောခဲ့ဘူး။ ဒါပေမဲ့ သူဘယ်မှာနေလဲ၊ ကျောင်းထဲက ရှုခင်း‌နေရာတချို့‌တွေနဲ့ ဘယ်အတန်းရဲ့ကျောင်းသူဖြစ်တယ် ဆိုတာတော့ ပြောသွားတယ်နော်။ ငါပျင်းနေတုန်းက ငါသွားရှာကြည့်ပြီး နဉ်ရှီရဲ့ဖော်ပြချက်နဲ့ကိုက်ညီတဲ့ ကျောင်းတစ်ကျောင်းပဲရှိတယ်ဆိုတာ တွေ့လိုက်ရတယ်။ အဲ့ဒီတက္ကသိုလ်ရဲ့ဘွဲ့ရတွေထဲမှာလဲ နဉ်ရှီဆိုတဲ့နာမည်နဲ့ ကျောင်းသူတစ်ယောက် မမျှော်လင့်ဘဲပါနေတယ်။ နဉ်ရှီ ဘယ်တက္ကသိုလ်ကဘွဲ့ရခဲ့လဲဆိုတာ နင်တို့ခန့်မှန်းနိုင်ကြမှာပါ။

ဤပို့စ်အောက်တွင် ထိုအစီအစဉ်ကိုကြည့်ဖူးသည့် အင်တာနက်သုံးစွဲသူအချို့က အချက်အလက်တွေစုဆောင်းဖို့ ထွက်လာကြပြီး ပြည်ပမှာပညာသင်ယူခဲ့ကြသည့် လူတွေကလည်း သူတို့ရဲ့အမြင်ကိုဖော်ပြဖို့ ထွက်လာကြသည်။ ရိုးရှင်းစွာပင် သူတို့က သံသယဖြစ်ဖွယ်နေရာများကို မလွဲသွားချင်ကြပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now