ဒီဇာတ်ကောင်ကို မူလပိုင်ရှင်က ၀မ့်ရှားရဲ့လက်ထဲကနေ ယူခဲ့တာ။

သူမက အမျိုးသားဇာတ်ဆောင်ရဲ့လရောင်နက်လေးဖြစ်လာနိုင်တာကြောင့် မူလပိုင်ရှင်ရဲ့မိသားစု နောက်ခံနဲ့ ရုပ်ရည်သွင်ပြင်က သဘာဝအတိုင်းမဆိုးလှဘူး။ လွန်ခဲ့တဲ့တစ်ရက်ကတောင် "Ask the Immortals" ရဲ့ဇာတ်လိုက်မင်းသမီးက အမျိုးသမီးဇာတ်ဆောင်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ကျော်ကြားနေတဲ့ပန်းပွင့်လေး (အသစ်)ဝမ့်ရှောင်းဖြစ်နေဆဲပင်။ထို့နောက် ဒီဇာတ်ကောင်က မူလပိုင်ရှင်လက်ထဲကို ရောက်သွားခဲ့တယ်။

ကုမျန်ကူးပြောင်းလာပြီးနောက်သဘာဝကျစွာနဲ့ သူမက ဒီဇာတ်ကားမှာ မပါဝင်ချင်ခဲ့ဘူး။

ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာကို သူမမသိဘူး။သူမက ဒီကမ္ဘာမှာ နှစ်အတော်ကြာ နေရကောင်းနေရ‌နိုင်တာကြောင့် အနာဂတ်အကြောင်းပြောဖို့ကလည်း ခက်ခဲပေမယ့် အခုအချိန်မှာတော့ သူမသရုပ်မဆောင်နိုင်ဘူး။(T/N- အနာဂတ်မှာ သရုပ်ဆောင်တတ်ရင်တတ်သွားမှာပေမယ့် ခုလောလောဆယ်တော့ သရုပ်မဆောင်နိုင်ဘူး/တတ်ဘူးလို့ ပြောချင်တာပါ)

သူမ သရုပ်ဆောင်ဖို့ကိုပယ်ချလိုက်ချင်ပေမယ့် နောက်ပိုင်းမှာတော့ သူမ အဲ့လိုမလုပ်နိုင်ဘူးဆိုတာကို သိလိုက်ရတယ်။ဝတ္ထုရဲ့ မူရင်းဇာတ်ကြောင်းကနေ ခွဲထွက်လိုက်တဲ့အချိန်တိုင်း အဲ့ဒီနောက်မှာ သူမတစ်ကိုယ်လုံးဓာတ်လိုက်လိမ့်မယ်။အဲ့ဒါက မသက်မသာဖြစ်ပြီး နာကျင်စေလိမ့်မယ်။

အဲ့ဒါက  ကျင့်ကြံရေးဝတ္တုတွေထဲက    ကောင်းကင်ဘုံအတိဒုက္ခနဲ့ဆင်တူတယ် ။ အဓိကဇာတ်ကောင်က အဆင့်တစ်ဆင့်တက်တိုင်း ခံစားရတယ်လေ။သူမ ဓာတ်လိုက်ခံရတဲ့အခါ သူမရဲ့ပုံစံက ထူးဆန်းနေတဲ့ပုံမပေါ်ဘူး။ ရှောင်ကျူးနဲ့အစ်ကိုနန်တို့က သူမနဲ့ပတ်သက်ပြီး ထူးဆန်းတာဘာမှမတွေ့ခဲ့ကြဘူး။ သေခြင်းနဲ့ရှင်ခြင်းကြားက နာကျင်မှုကို သူမပဲသိတယ်။

တစ်ခေါက်လောက် ဓာတ်လိုက်ခံရပြီးနောက်မှာ သူမမလိုလားတာတောင် ကုမျန်က ဇာတ်ကြောင်းနောက်ကို လိုက်ခဲ့ရတယ်။ သူမက အဲ့ဒီပြင်းထန်လွန်းတဲ့ခံစားချက်ကို  ထပ်မခံစားချင်တော့ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now