နဉ်ရှီ၏လက်ရှိကျော်ကြားမှုဟာ ပထမအနေဖြင့် “လှပသောတိမ်တိုက်နီများ”ထဲက သူမ၏နှစ်လိုဖွယ်ကောင်းသည့် ဇာတ်ကောင်ကြောင့်ဖြစ်၏။ ဒုတိယအနေဖြင့် နဉ်ရှီကို သူမ၏မျက်နှာကြောင့်‌တွေ့ခဲ့သည့် ဖန်အချို့၏ စိတ်ထဲစွဲသွားစေသည့် သူမ၏‌ရည်မွန်ကြော့ရှင်းသည့် အသွင်အပြင်ကြောင့်ဖြစ်၏။ နဉ်ရှီဟာ အတိတ်က ခပ်ဝဝကောင်မလေးတစ်ယောက်ဖြစ်ခဲ့ဖူးသည့် သတင်းကိုကြားလိုက်သည်နှင့် ဖန်တော်တော်များများက ထိုသတင်းကိုမယုံနိုင်ဖြစ်ခဲ့ကြ၏။ အချို့ဆိုလျှင် ၎င်းက သူမ၏ဂုဏ်သတင်းညှိုးနွမ်းစေရန် မီဒီယာကဆင်သည့် ပရိယာယ်ဟုပင် ထင်သွားကြသေး၏။

ပရိသတ် အေ: ရှီရှီက ဖက်တီးလေးဖြစ်‌ခဲ့ဖူးတယ်လို့ သူ့Weiboပေါ်မှာပြောခဲ့ဖူးတာကို နင်တို့အားလုံးမေ့သွားကြတာလား?

ပရိသတ် ဘီ: .......

ပရိသတ် စီ: .......

ပရိသတ် ဒီ: ငါကသရုပ်ဆောင်တော်တော်များများရဲ့ ပရိသတ်တစ်ယောက်ဆိုပေမဲ့ အရမ်းကိုရိုးသားလွန်းတဲ့ အမျိုးသမီးသရုပ်ဆောင်ကိုတော့ တစ်ခါမှမတွေ့ဖူးဘူး။ အမျိုးသမီးသရုပ်ဆောင်အများစုက သူတို့ရဲ့အတိတ်ဆိုးကို မဖုံးထားဘဲမနေကြဘူး။ ဒါပေမဲ့ ငါတို့မိသားစုရဲ့ရှီရှီလေးကတော့ သူမရဲ့ပုံဟောင်းတွေသုံးပြီး အ‌သရေဖျက်လာမှကိုမကြောက်ဘဲ  ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာနော့...

ပရိသတ် အေ: ငါတို့မိသားစုရဲ့ အူကြူးကြူးပူတူးပဲစေ့လေး[1] အရမ်းမိုက်မဲတာပဲ...ငါသူမကိုပိုပြီးအချစ်တိုးလာရော။

ဝေစစ်ချီအိမ်ပြန်ရောက်သည့်အချိန် ညကိုးနာရီထိုးသွားပြီ။ အခန်းမီးကပွင့်မနေဘဲ တီဗွီကနေထုတ်လွှတ်နေသည့် အလင်းရောင်က အိမ်ကို ထူးထူးခြားခြား မှောင်မဲကာ အေးစက်နေပုံပေါက်စေ၏။

သူမပြန်လာသည်ကိုမြင်သည့်တိုင် ချန်းယီကျွင်းက တစ်စက်မှမရွှေ့လာပေ။ သူတို့အရင်တစ်‌ခေါက်ရန်ဖြစ်ပြီး ဝေစစ်ချီသူ့ကားနောက်ပိုင်းကို ကားမောင်းတိုက်ပြီးကတည်းက သူတို့၏ဆက်ဆံရေးက မတိုးသာမဆုတ်သာအခြေအနေတွင် ပိတ်မိနေရသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now