"ဘာ! လက်မခံနိုင်ဘူး ဘယ်နည်းနဲ့မှလက်မခံနိုင်ဘူး မင်းပစ်မင်းဒဏ်သင့်လဲသင့်ပါစေ ဒီကိစ္စကိုတော့ဘယ်လိုမှလက်မခံဘူး"
ဝမ်ချင်ရဲ့အော်သံခပ်ဆူးဆူးက ဝမ်အိမ်တော်ဧည့်ခန်းမကြီးထဲညံသွားသည်ထိပင်။ ဘုရင်မင်းမြတ်ထံကရောက်လာတဲ့အမိန့်စာကိုဖတ်ရင်းဝမ်ချင်လက်များပင်တုန်လာသည်ထိ။
ဒါဟာအိမ်ရှေ့စံရဲ့လက်ချက်ပဲ။အိမ်ရှေ့စံကကောက်ကျစ်လွန်းတယ်။ဝမ်အိမ်တော်ရဲ့ခြေထောက်ကိုရိုက်ချိုးချင်နေတာလား။
"ဝမ်လေးကိုချက်ချင်းခေါ်ခဲ့"
"ဟို....သခင်မလေး သခင်လေး၃က.....အပြင်ထွက်သွားပါတယ်"
"ဘာ!ငါ့မှာတော့ပူလို့ဆွေးလို့သူကအပြင်ထွက်နိုင်သေးသတဲ့လားဟမ် သွား!ခုချင်ချင်းသွားခေါ်စမ်း"
"ဟင်းးးး အိမ်ရှေ့စံ အိမ်ရှေ့စံ အတော်ယုတ်မာပါရောလား"
အိမ်ရှေ့စံမင်းသားကိုအပြစ်ပြောရင် ဝမ်ချင်တစ်ယောက်စိတ်ကိုမနည်းထိန်းနေရသည်။ဒီကိစ္စကိုအကိုကြီးသာသိရင်ဘယ်နှယ့်လုပ်ရပါ့။
"ကျဲ"
"လာဒီကို"
"ကျွန်တော့်ကိုဘာလို့ခေါ်တာလဲဟင် "
"ဝမ်လေး ဒီနေ့ညတွင်းချင်း အားယုံတို့ရွာကိုခရီးသွားရမယ်"
"ဟင်!ညတွင်းချင်လား"
"ညတွင်းချင်းသွားလို့ဘယ်ဖြစ်မလဲ ဝမ်လေးပင်ပန်မှာပေါ့"
"ဟင်!အိမ်ရှေ့စံ"
"ဘာလဲအားချင် ကိုယ့်ကိုမြင်တာဘာလို့အဲ့သည်လောက်ထိလန့်သွားရတာလဲ နောက်ပြီးဝမ်လေးကဘာလို့ခရီးထွက်ရမှာလဲ အားချင် ကိုယ်တော့်ကိုရှင်းပြပါဦး"
"အားလုံးထွက်သွားကြ ငါအိမ်ရှေ့စံနဲ့နှစ်ယောက်ထဲပြောချင်တယ်"
"ဝမ်လေးနေခဲ့ "
"ဟို...ကျဲက"
"ကိုယ်တော့အမိန့်ပေးနေတာ"
"အမိန့်နာခံပါတယ်အိမ်ရှေ့စံ"
"ရှောင်းကျန့်!"
ရှောင်းကျန့် အမလေးလေး အားချင်ကျဲက အိမ်ရှေ့စံမင်းသားကိုနမည်တပ်ခေါ်လိုက်တာများလား။အားချင်ကျဲခေါင်းပြတ်မဲ့ကိန်းရှာနေသလားပဲ။