Part 1☕ Unicode

794 67 4
                                    

T တက္ကသိုလ် ဟာ မြို့‌ေတာ်ရဲ့ အထင်ကရတက္ကသိုလ်တွေထဲကတစ်ခုဖြစ်လေသည်။

နာမည်အကြီးဆုံးကျောင်းမဟုတ်ပေမဲ့ အတော်အသင့် နာမည်ရှိပြီးသား တက္ကသိုလ်တစ်ခုမို့ ကျောင်း၀င်းထဲတွင်
မေဂျာအလိုက် ကျောင်းသားကျောင်းသူများနဲ့
အမြဲတစေစည်ကားလျက်ရှိသည်


တက္ကသိုလ်ကို လောလောလတ်လတ် ၀င်ခွင့်ရခဲ့သည့်
ပထမနှစ် ကျောင်းသူအသစ်လေး ဆောအာတစ်ယောက် bus ပေါ်မှ လူအုပ်ကြီးကို တိုးကြိတ်ပြီးကား‌ေပါ်ကဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် ကားပေါ်မှာထဲက
ဖုန်း ဆက်တိုက်ခေါ်နေသောသူငယ်ချင်းမဖြစ်သူထံ ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားရသေးသည်။


ဆောအာ : " ဟာနာရယ် ငါအခုမှကားပေါ်ကဆင်းရတာ ‌အတန်းစဖို့ကလဲအ‌ေ၀းကြီးလို‌‌ေသးတာကို နင်ကဘယ်လိုဖြစ်လို့ တချိန်လုံးဖုန်းခေါ်နေရတာတုန်း"

ဟာနာ :  "ဟဲ့ရေ ငါကသီတင်းကောင်းပြောမလို့ပါ ဒီနေ့ကပထမဆုံး‌ေန့ဆို‌ေတာ့ အတန်းချိန်က ဆယ်နာရီမှတဲ့ အခုမှ ၈နာရီပဲ‌ရှိသေးတာကို ငါတို့ လျှောက်ကြည့်လို့ရတယ်
သိလား"


ဆောအာ :"အိုကေလေ ဒါဆိုလဲ သွားကြမယ် 
နင်‌အဆောင်ရှေ့မှာဆိုရင်ငါလာခဲ့မယ်လေ"


ဟာနာ့ကိုပြောပြီးသည်နှင့် ဆောအာတစ်ယောက်က ဖုန်းချလိုက်ကာ ponytail စီးထားတဲ့ ဆံပင်ကို လှုပ်ခါနေအောင် အမြန်လမ်းလျှောက်သွားလိုက်ရာ ခနအကြာမှာ ကျောင်းရှေ့ကိုပင်ရောက်နေပြီဖြစ်သည်။


တက္ကသိုလ်ကြီးရဲ့ ၀င်ပေါက်ကနေစလို့ မိန်းလမ်းမကြီးတစ်လျှောက်က ခမ်းနားတဲ့အရှိန်အဝါတွေအပြည့်ဖြစ်နေသည်။

ကျောင်းအပ်သည့်နေ့က တက္ကသိုလ်ပရဝုဏ်နဲ့ရင်းနှီးပြီးသားဖြစ်လို့ အဆောင်ဘက်ကိုအေးဆေးလျှောက်လာရင်း အညိုရောင်ဆံပင်ရှည်တွေကို ဖြန့်ချထားသည့် သူငယ်ချင်းမကိုတွေ့တော့လက်ပြရင်းနှုတ်ဆက်လိုက်‌သည်။


ဟာနာတစ်ယောက်ထဲမဟုတ်ပဲဘေးမှာလဲ အဝါရောင်ဆံပင်ဂုတ်ဝဲနဲ့ ကောင်မလေးတစ်ယောက်လဲရှိသေးသည်။


𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Tempat cerita menjadi hidup. Temukan sekarang