Part 23 ☕ Zawgyi

88 3 0
                                    

"ဂျောင်ဝန်းနီး"

ဆောနူနဲ့အတူ ကျောင်းအပြန်တွင် ‌ပလက်ဖောင်းပေါ်၌လမ်းလျောက်ရင်း စကားတပြောပြောလုပ်နေသော ဂျောင်ဝန်းရဲ့ခြေလှမ်းတွေဟာ နှလုံးသားရဲ့အောက်ခြေအထိ ရင်းနှီးနေသောအသံကြောင့် ချက်ချင်းဆိုသလို ရပ်တန့်သွားကာ နောက်လှည့်ကြည့်မိသည်။

ဂျောင်ဝန်းရင်းနှီး‌နေတဲ့ အသံပိုင်ရှင်ဟာတခြားသူမဟုတ်ဘဲသူသိပ်သ‌ဘောကျရပါသော ဂျေး။

သူ့ကိုအမြဲကြင်ကြင်နာနာပြုံးပြတတ်သော ဂျေးဟျောင်း။

သူတဖက်သတ်ချစ်ရသူကိုမြင်တာနဲ့ဂျောင်ဝန်းမျက်ဝန်းလေးတွေ ၀င်းလက်ကာ ပိုပြီးအရောင်တောက်ပသွားသည်။

"ဂျေးဟျောင်း~~"

သူ့ကိုကြည့်ကာ ပါးချိုင့်လေးတွေခွက်ဝင်နေအောင်ရယ်ပြနေသော ကလေးငယ်ကြောင့် ဂျေးရဲ့စိတ်လှုပ်ရှားမှုဟာ နှစ်ဆတိုးသွားတာကြောင့် တံတွေးပင်မြိုချမိသည်။

ဂျေးခမျာ ဟီးဆွန်းဟျောင်းတို့ ဝိုင်းမြှောက်ပေးလို့သာ သတ္တိမွေးလာရတာ တကယ်တမ်း ဂျောင်ဝန်းလေးရှေ့လဲရောက်ရော ခြေထောက်တွေပင်မခိုင်တော့သလိုလို။

ဆောနူက‌အနောက်ဘက်မှ မျက်နှာရိပ်မျက်နှာကဲပြကာ အလိုက်တသိရှောင်ထွက်သွားပေးတာမို့ ဂျေးက ဂျောင်ဝန်းနဲ့နှစ်ယောက်ထဲကျန်ခဲ့သည်။

ဂျောင်ဝန်းလေးကတော့ ဂျေးနဲ့အကြည့်ချင်းမဆုံရဲတော့သဖြင့် ခေါင်းကြီးငုံ့ကာ စီးထားတဲ့ sneakers ထိပ်ဖျားကိုသာ စိုက်ကြည့်နေမိသည်မှာ ဆောနူရှိ‌သေးသည်ကိုပင် မေ့သွားသည်။

ဂျေးက ရှိသမျှသတ္တိ‌တွေစုစည်းပြီး အရဲစွန့်ကာ ပြောလိုက်သည်



‌"ဂျောင်ဝန်းနီး ပြန်တော့မှာမလား ကိုယ်လိုက်ပို့မယ်လေ ဒီနေ့"

"ဟုတ် ဂျေးဟျောင်း"


ထို့‌နောက် နှစ်ယောက်သား ဘေးချင်းယှဉ်ကာ လမ်းလျှောက်လာကြရင်း ဂျောင်ဝန်းတို့ရပ်ကွက်ထဲရောက်သည်အထိ စကားတစ်ခွန်းမှမဆိုမိ။

ဝုန်းဒိုင်းကြဲ‌နေတဲ့ ရင်ခုန်သံတွေကိုသာ အဖော်ပြု‌နေကြရင်း တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူက ဂျေးပင်။


𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now