Part 33 ☕ Unicode

290 40 38
                                    

ဂျယ်ယွန်း လေယာဉ်စီးနေချိန်တွင် ဆောင်းဟွန်းမှာ တစ်ယောက်တည်း အိမ်ပြန်လာခဲ့လေသည်။

လေဆိပ်မှထွက်ကာ အိမ်ပြန်လာသော လမ်းတစ်လျှောက်တွင် ဆောင်းဟွန်းမှာ အသံပင် တစ်ချက်မထွက်ဘဲ မှုန်တေနေသော မျက်နှာကြီးဖြင့် ကားနောက်ခန်းတွင် ထိုင်၍ လိုက်ပါလာလေသည်။


သူက အိမ်ပြန်ရောက်သောအခါတွင်လဲ လေးတိလေးကန်ခြေလှမ်းများဖြင့် အိမ်ထဲသို့၀င်လာလေသည်။

ယယ်ဂျီနှင့် လေလာက ကားသံကြားသဖြင့် စံအိမ်တံခါးမကြီးသို့ ပြေးထွက်လာကြပြီး ယယ်ဂျီမှာ ဆောင်းဟွန်းကိုမြင်သော် မျက်လုံးဝိုင်းလေးနဲ့ ‌ကြည့်ကာမေးလိုက်သည်။


"ဂျိတ်ခုအိုပါး သွားလိုက်ပြီလားဟင်"


ရည်းစား‌ေဘးနားမရှိ‌ေတာ့သည်နှင့် တလောကလုံးကိုကြည့်မရဖြစ်နေသော ‌ဆောင်းဟွန်းက ညီမဖြစ်သူကိုလဲမကြည်နေပါချေ။


"သိရဲ့သားနဲ့ လာမေးနေတယ်"ဟု အဓိပ္ပာယ်ပါသော မျက်၀န်းအကြည့်များဖြင့် သူ့ညီမအားကြည့်ကာ စကားတစ်ခွန်းမှမဆိုဘဲ အိမ်ပေါ်တက်သွားတော့လေသည်။


အောက်ထပ်တွင် ကျန်ရစ်ခဲ့သော ယယ်ဂျီက ဘာအမှားလုပ်မိမှန်းမသိဘဲ ဇက်ကလေးပုကာ သူ၏ အကိုဖြစ်သူအား မျက်စောင်းထိုးလိုက်ပြီး လေလာနဲ့ အတူဆော့ကစားဖို့ ခြံထဲထွက်သွားလေသည်။


အပေါ်ထပ်တက်လာသော ဆောင်းဟွန်းမှာတော့ အသက်မဲ့နေသောသစ်သားရုပ်ကြီး လမ်းလျှောက်လာသကဲ့သို့ တောင့်တောင့်ကြီး လျှောက်လှမ်းရင်း အခန်းထဲ၀င်သွားတော့သည်။


သူက လေလျော့နေသော ဘောလုံးသကဲ့သို့ အားအင်မရှိစွာနဲ့ အိပ်ယာပေါ် ခြေပစ်လက်ပစ်လှဲချလိုက်ပြီး ခေါင်းအုံးပေါ်မျက်နှာအပ်ကာ ညည်းတွားလိုက်သည်။


"အား ငါတို့ကလေးလေးကို လွမ်းလွန်းလို့ရူးတော့မှာပဲ"


အိခုထွက်သွားတာဖြင့် နာရီပိုင်းမျှသာ ရှိသေးသော်လည်း ဆောင်းဟွန်းမှာ ဂျိတ်ခ်အိခုလေးအား လွမ်းလွန်းလို့ ရူးမတတ်ဖြစ်နေလေပြီဖြစ်သည်။

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now