Part7☕ Zawgyi

105 3 0
                                    

ဟီဆွန်းကတော့ စဉ်းစဉ်းစားစားဖြင့်

"ဆောနူ မင်းက ဒီသီတင်းတွေအကုန်ဘယ်ကကြားခဲ့ရတာလဲ"

"ဂင်မ်ဆောနူပါဗျ Class 3မှာကျွန်တော့်သူငယ်ချင်းရှိတယ်လေ

သူ့သူငယ်ချင်းတစ်ယောက်က ဟန်ဆောင်းအထက်တန်း‌ကျောင်းကပဲ အဲ့ဒီတစ်ယောက်ကနေတဆင့် သိတာပေါ့။

အဲ့တာနဲ့ သူ့သူငယ်ချင်းပြောတာကို ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကိုပြန်ပြောပြတာ။

ကျွန်တော်က ကျွန်တော့်သူငယ်ချင်း ပြောတာကို ဟျောင်းတို့ကို ပြန်လာပြောတာ သိပြီလား"

‌‌သေချာ နားထောင်နေတဲ့ ဟီ‌ဆွန်းတို့တောင် လည်သွားရာ
ဒီတိုင်း ကြားနေရသည့် ဆောင်းဟွန်းဆိုမသောက်ဘဲနှင့် မူးသွားသည်

ဂျောင်ဝွန်းသည်ပင်

"ဆောနူဟျောင်း ဟာကလဲဗျာ  ‌ရှုပ်‌နေအောင်လာပြောနေတယ်"

လို့ပြောတော့ ဆောနူကလဲ

"ဘာပဲဖြစ်ဖြစ်လေ မင်းတို့သိရင် ပြီးတာပဲပေါ့
အခုဆို ဒီသီတင်းက ငါတို့အတန်းမှမဟုတ်ဘူး တစ်ကျောင်းလုံးပျံ့နေလောက်ပြီ"

ဆောနူပြောတာ မှန်ပေသည် တစ်ကျောင်းလုံးက ကျောင်းသားအများစုဟာ

ကြားနေရသည့်သီတင်းများထဲမှ ထိုအနှီလူ‌ဆိုးကျောင်းသားအား အထူးပင်စိတ်ဝင်စားလျက်ရှိကြသည်

ကျောင်းသားသစ်အား စိတ်ဝင်စားနေကြသူများထဲတွင် အထူးသဖြင့် တစ်ခန်းထဲ အတူတူတက်ရမည့် Class 1မှ ကျောင်းသားကျောင်းသူလေးများလဲပါဝင်ကြသည်

--------

Class 1 Group Chatတွင်ဖြစ်သည်

အလှလေး ၁ :: "ဟဲ့ရေ နင်တို့အကုန်လုံး ကျောင်းသားသစ်ရဲ့သတင်း အကုန်ကြားပြီးကြပြီမလား"

ရည်းစားလိုချင်တယ်::"မသိတဲ့လူရှိသေးလို့လား ပြောကြတာတော့ မနက်က မင်းသားလေး နီခီနဲ့တူတူလာတာတွေ့လိုက်တဲ့လူရှိတယ်ပြောတယ်"

ဒီစာသင်နှစ်တော့ နှာခေါင်းသွေးလျှံအောင်စာလုပ်မယ် ::

" မဖြစ်နိုင်လောက်ပါဘူး ကြားရသလောက်ဆိုရင်သူကတကယ်ပဲ ကြောက်ဖို့ကောင်းမှာကို နီခီက ဒီလိုလူနဲ့ အပေါင်းသင်းလုပ်ပါ့မလား"

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Tahanan ng mga kuwento. Tumuklas ngayon