Part 14 ☕ Zawgyi

75 3 0
                                    

က‌လေးမလေးအား နှုတ်ဆက်ပြီးနောက် ပြန်လှည့်ထွက်လာပြီး Store ဆိုင်ကိုသွားရန်ပြင်လိုက်သည်

လေးငါးလှမ်းလောက် လှမ်းပြီးသည်နှင့် သူ့နောက်ကိုလိုက်လာသော  ကလေးမလေးကြောင့် အနောက်ကိုပြန်လှည့်ကြည့်လိုက်ရပြန်သည်


မျက်မှန်ဝိုင်းလေးအောက်မှ မျက်ဝန်းတွေက ရိုးသားဖြူစင်ပုံရပြီး

သူရုတ်တရက် လှည့်ကြည့်သောကြောင့် လန့်သွားဟန်နှင့်

လွယ်အိတ်ကြိုးကို တင်းနေအောင် ဆုပ်ကိုင်လိုက်သည်

"ကလေးမ မင်းကဘယ်မှာနေတာလဲ ကြောက်နေလို့လား
ကိုကို လိုက်ပို့ပေးရမှာလား?"

"မဟုတ်ပါဘူး ဟိုနားက မြင်နေရတဲ့ Storeကိုသွားမို့
ရပါတယ် လိုက်မပို့လဲ ယယ်ဂျီက ဒီလမ်းအဆုံးမှာနေတာရယ် "

"အမ် လမ်းအဆုံးနားဆိုရင် ကိုကို့အိမ်နဲ့တောင်နီးမယ်ထင်တယ်
ကိုယ်လဲ Store ဆိုင်သွားမို့ တူတူသွားကြတာပေါ့"

"ဟုတ်"


ခေါင်းတဆက်ဆက်ညိတ်ကာ ပါးချိုင့်လေးတွေပေါ်အောင်
ပြုံးပြလာသောကောင်မလေးကိုကြည့်ရင်း

တစ်စုံတစ်ယောက်သောအရူးလေးကို ဂျိတ်ခ် သတိရသွားမိပြီး

သူကိုယ်တိုင် သတိမထားလိုက်မိခင်မှာတင် နှုတ်ခမ်းစွန်းလေးတွေကမသိမသာ  ကော့ညွတ်သွားသည်



အခုမှ‌သေချာကြည့်မိတော့ ယယ်ဂျီက အသားဖြူဖြူနုနုလေးဖြစ်သည်

"အိုကေ ယယ်ဂျီတဲ့လား နာမည်က?"

"ဟုတ် ပတ်ယယ်ဂျီပါ ကိုကိုကရော?"

"ကိုကိုက ရှင်းမ်ဂျယ်ယွန်း
ဒါပေမဲ့  ဂျိတ်ခု(ဂျိတ်အိခု) အိုပါးလို့လဲခေါ်လို့ရတယ်"

"Nae~ ဂျိတ်ခု အိုပါး"

Store ဆိုင်ရောက်လျှင် ယယ်ဂျီက ဂျယ်လီထုတ် များကို ယူလိုက်ပြီး ပိုက်ဆံရှင်းနေသည်ကိုတွေ့ရသည်

ဂျိတ်ခ်ကတော့ သူလိုအပ်သည့်ပစ္စည်းများနှင့် ခေါက်‌ဆွဲဘူး‌လေးငါးဘူးလောက်ယူပြီး ပိုက်ဆံရှင်းဖို့ပြင်ပြီးကာမှ

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now