Part 8 ☕ Zawgyi

82 5 0
                                    


ဒီလိုနဲ့ပဲ ဆောင်းဟွန်းရဲ့ အရောင်မဲ့နေတဲ့ ကမ္ဘာလေးကို

အဝါရောင် တွေချယ်မှုန်းပေးမဲ့ ပျော်ရွှင်မှု‌တွေရဲ့ မြစ်ဖျားခံရာ‌လေးဟာ

အသိပေးခြင်းမရှိပဲ ရုတ်ချည်းဝင်ရောက်လာခဲ့တယ်

ထိုပျော်ရွှင်မှုလေးဟာ Sim Jake လို့ လဲအမည်တွင်‌သေးသတဲ့

...

ဂျိတ်ခ်ရဲ့ ဆောင်းဟွန်းအပေါ် first impression ကတော့

ဒီတစ်ယောက်ကတော့ တခြားလူတွေနဲ့ မတူပဲ နည်းနည်းတော့ထူးခြားတယ်လို့ပြောရမလား

သူ့ခုံတွဲဖက်က ချောသည်ဆိုတာတော့ ၀န်ခံရ‌ပေမည်

အသားဖြူဖြူ အရပ်ရှည်ရှည်နှင့် မျက်ခုံးထင်းထင်းလေးအပြင် နှာခေါင်းဘေးမှာမှည့်လေးတစ်လုံးရှိသည်

သူ့ကိုစိုက်ကြည့်လာတဲ့အဲ့ဒီ့အကြည့်တွေကို‌တော့ သူလဲအမျိုးအမည်ဖော်မရပေ

ယူနီဖောင်းကို သေသေသပ်သပ်မ၀တ်ထားပဲ လျော့ရဲနေတဲ့ Necktie နဲ့ ‌အိပ်ထားလို့ ရှုပ်ပွနေတဲ့ ဆံပင်တွေနှင့်
ထိုကောင်လေး

အဆုံးတွင်တော့ သူ့မျက်စိထဲတွင် တစ်ဖက်လူက ကြည့်ကောင်းပြီး‌ပျော်တတ်ပုံ‌ပေါက်သည့် ကောင်လေးတစ်‌ယောက်သာဖြစ်ပေသည်

...

ထိုဘေးခုံကကောင်လေးဆိုသူမှာတော့ ဂျိတ်ခ် ၀င်ထိုင်ပြီးအ‌တော်ကြာသည်အထိ မလှုပ်မယှက် တောင့်တောင့်ကြီးသာထိုင်နေပေသည်

ဆရာBooကတော့ အတန်းစစချင်းနေ့မို့

ကျောင်းသားတွေအား ပြောစရာရှိသည်ကိုပြောပြီးသည်နှင့်

သူ့ဘာသာရပ် Physics ကိုစတင်ပြီးသင်ကြားရန်ပင်‌ပြင်ဆင်နေပြီဖြစ်သည်

စာလိုက်ကြည့်နေရင်းမှပင် ဆောင်းဟွန်းဟာ မနေနိုင်ပဲ ဂျိတ်ခ်ဘက်ကို မျက်လုံးလေးစောင်းကာ ခိုးကြည့်မိပြန်သည်

ထိုကောင်လေးမှာစာကို‌သေချာအာရုံစိုက်ပြီးနားထောင်နေပုံပေါ်သည်။

ဆောင်းဟွန်းစိတ်ထဲမှ
* ဒါလား ကျောင်းလူဆိုးတဲ့ ဘယ်နားမှကိုမတူ‌နေဘူးလေ

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now