Part 25 ☕ Unicode

336 41 22
                                    

ရေခဲပြင်စကိတ်စီးတာ အတော်ကြာသွားပြီး မောသွားကြပြီမို့ ရပ်လိုက်ကြသည်။

စကိတ်ဖိနပ်တွေပြန်အပ်ပြီးနောက် ဂျိတ်ခ်က နှာထိပ်လေးတွေပါနီရဲကာ အနည်းငယ်အေးနေပုံပေါ်တာကြောင့် ဆောင်းဟွန်းက hot pad ပြေး၀ယ်ကာ ဂျိတ်ခ်လက်‌ကလေးထဲထည့်ပေးလိုက်သည်။




"ဒါလေးယူထားလိုက် အိခုအေးနေမှာစိုးလို့"



"အွန်း ကျေးဇူး "



ဆောင်းဟွန်း ပျောက်သွားလို့ လိုက်ရှာနေတုန်း hot pad တစ်ခုနှင့် သူ့ရှေ့‌ပြန်ရောက်လာသူ‌ကြောင့် ဂျိတ်ခ်မျက်နှာထက်အပြုံးလေးတွေဖြစ်ပေါ်လာသည်။

‌သူ့ကိုရီပြနေသော ကလေးလေးကိုအသည်းယားပြီး ဆောင်းဟွန်းလက်ဝါးနှစ်ဖက်က ဂျိတ်ခ်ပါးပြင်တွေပေါ်ရောက်သွားသည်။



"ဆောင်းဟွန်း ဘာလုပ်တာလဲ"



"ပါးလေးတွေအေးနေမှာစိုးလို့ အနွေးဓာတ်ပေးတာ"



"အော်"



အကြောင်းပြချက်ကောင်းကောင်းနှင့်ရောချလိုက်ပြီး ဆောင်းဟွန်းက ဂျိတ်ခ်မျက်နှာကို ခဏလောက် ဖိညှစ်ကာ လွှတ်ပေးလိုက်သည်။



ဆောနူ : "အဟမ်း Flirt လို့၀ရင်လဲသွားကြမယ် "



ဆောနူကထိုသို့၀င်ပြောသဖြင့် ဂျိတ်ခ်က ရှက်ရမ်းရမ်းပြီးငြင်းတော့သည်။



ဂျိတ်ခ် : "Flirt တာမဟုတ်ပါဘူး ဆောနူကလဲ"



‌ေ‌ဆာင်းဟွန်း : "အေးလေ Flirt တာမဟုတ်ပါဘူး
ချစ်နေကြတာကို"



ဂျိတ်ခ် : "ပတ်ခ် ဆောင်း ဟွန်း !"



ဆောင်းဟွန်း : "ဗျာ~~အိခုလေး
ကိုယ်ဘာမှမပြောဘူးနော်"




အကုန်လုံးက သူတို့နှစ်ယောက်အဖြစ်ကိုဝိုင်းရယ်ကြရင်း စက်လှေကားမှတဆင့် အပေါ်ထပ်သို့ပြန်တက်လာကြသည်။

ခုနက ၀င်ပေါက်ရှိတဲ့အထပ်မှ ယူနီဖောင်းငှားတဲ့ နေရာအနားရောက်သော် ဆောနူက အရှေ့ဆုံးကနေ ‌လုံးလုံး လုံးလုံးနှင့်ပြေးသွားသဖြင့် သူတို့အားလုံး ပြေးလိုက်ရပြန်သည်။




𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now