ချင်းချုံဟိုင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ လူချမ်းသာတစ်ယောက်၏ ဝါသနာကို နားမလည်နိုင်တော့ပါချေ။

“နဉ်ရှီ.. ကျန်းဖိန်းဖိန်း.. တာဝန်ကျေတယ်..” ဒါရိုက်တာက အချိန်ကြည့်လိုက်သည်။

ရိုက်ကူးနေချိန် မသိသာသော်လည်း၊ နောက်ထပ် Scene အတွက် စောင့်ဆိုင်းနေစဉ် နဉ်ရှီက ပုံမှန်မဟုတ်သော အနေအထားမျိုး ခါးကိုင်းနေခဲ့၏။ ကျန်းဖိန်းဖိန်းက ထိုအချင်းအရာကို သတိထားမိလိုက်တာကြောင့် ခပ်တိုးတိုး မေးလာခဲ့သည်။

“ကျောနာနေတာလား..?”

ကျန်းဖိန်းဖိန်းသည် အနုပညာလောကထဲ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း သိပ်မထင်ရှားခဲ့ပေ။ ဤတစ်ခေါက် ဒုတိယအမျိုးသမီးဗီလိန်အဖြစ် သရုပ်ဆောင်ရသည်က ရှားရှားပါးပါး အခွင့်အရေးတစ်ခုပင်။ ကျူးမိုလီ၏ နဉ်ရှီအပေါ် အနိုင်ကျင့်မှုကြောင့် ချင်းချုံဟိုင်က ကျုးမိုလီ၏ Scene တော်တာ်များများ ဖြတ်ထုတ်ပစ်လိုက်ပြီး အကျိုးဆက်အနေဖြင့် သူမက အခွင့်အရေးရလိုက်သည်။ သူမ၏အေးဂျင့်ပင်လျှင် အားပါးတရ ရယ်မောရင်း နဉ်ရှီကြောင့် ကံကောင်းလာတာပဲဟု ဆိုခဲ့သေး၏။

ကျန်းဖိန်းဖိန်း၏ရုပ်ရည်က အမျိုးသမီးသရုပ်ဆောင်များကြား သိပ်မထင်ရှားသလို သရုပ်ဆောင်စကေးကလည်း အကောင်းကြီးမဟုတ်ပေ။ သို့သော် အပြုအမူနှင့် စိတ်ထားလေးကတော့ ကောင်းသည်ဟုဆိုနိုင်သည်။ နာမည်ကြီးသည်၊ မကြီးသည်ကို စိတ်ထဲမထားဘဲ သရုပ်ဆောင်ရမည့် ဇာတ်ကောင်တစ်နေရာရလျှင်ပင် ရောင့်ရဲတတ်သည်။ နဉ်ရှီနှင့် ဆန့်ကျင်ဘက်နေရာတွင် သရုပ်ဆောင်ရသလို အသက်အရွယ်အရလည်း သိပ်မကွာသောကြောင့် သူတို့နှစ်‌ယောက်၏ဆက်ဆံရေးက အတော်လေးကောင်း၏။

“နည်းနည်းနာနေလို့ပါ..” နဉ်ရှီက အသံခပ်နိမ့်နိမ့်ဖြင့် ပြန်ဖြေလိုက်သည်။ “အကြောထုံးသွားတာထင်တယ်..”

“ငါ့မှာ သွေးလည်ပတ်မှုကောင်းစေတဲ့ ဆေးအဆီရှိတယ်.. ရှောင်ယန်ကို ပေးထားလိုက်မယ်.. ညကျမှ ကျောကိုလူးခိုင်းလိုက်ပေါ့..”

ဤရုပ်ရှင်ကြောင့် နဉ်ရှီလိုလူသစ်လေးသည် အတန်ငယ် နာမည်ကြီးလာနိုင်သော်လည်း ထုတ်လုပ်ရေးတစ်ခုလုံးနှင့်ယှဉ်လျှင် ဘာမှမပြောပလောက်ပေ။ ထို့ကြောင့် ဒဏ်ရာရထားသည့်တိုင် နဉ်ရှီ သည်းခံနေတာကို ကျန်းဖိန်းဖိန်း နားလည်နိုင်ခဲ့သည်။ ဤသည်က သူမကိုယ်သူမ ဂရုမစိုက်ခြင်းမဟုတ်ပါဘဲ သရုပ်ဆောင်လောကတွင် အပြိုင်အဆိုင်ကြီးမားလွန်း၍သာ။ ဝါရင့်ပုဂ္ဂိုလ်များ၏ရှေ့မှောက် အမြင်ဆိုးချန်ရစ်မိလျှင် အသက်မွေးဝမ်းကြောင်းလည်း ဆိုးဆိုးရွားရွား ပျက်စီးရပေလိမ့်မည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now