အပိုင်း(၅၀)

3.5K 152 1
                                    

Unicode

"ငယ်..သွင်ဗိုက်ဆာနေပြီလို့.."
နေ့လည်စာစားချိန်မရောက်ခင်ကတည်းက ငယ့်စားပွဲနားရောက်လာပြီး ထိုင်ခုံတလုံးဆွဲယူကာ ဘေးမှာနားပူနားစာလုပ်နေခြင်းဖြစ်သည်။ အရင်ကဆို ဒီအချိန်တောင် အပြင်ထွက်မစားတဲ့သူက အခုမှအထူးအဆန်း လုပ်နေသည်။ သူလုပ်တာကအရေးမကြီး..အနားက ဝန်ထမ်းကောင်မလေးတွေက ဝိုင်းကြည့်နေကြပြီ။

"ဟာ..သွားစားပါဆိုတာကို ကိုယ့်ဘာကိုယ်ပေကပ်နေပြီးတော့..ဒီမှာမပြီးသေးဘူး။
ဆာနေရင်သွားစားချည်.."

"ငယ်နဲ့စားချင်လို့ပေါ့..အဲ့တာကြီးကို နောက်မှလုပ်လည်း ရနေတာပဲကိုကွာ။ ဒီမှာတကယ်ဗိုက်ဆာနေလို့ကို.."

"ဒီမယ်..."

"ဘာမှမမယ်နဲ့..သွားမယ်..ထ.."
ပြောရင်းနဲ့ လက်မောင်းကိုလည်း ဆွဲထားနေသေးသည်။

"မထဘူး။ အရင်ကတော့ သွားခေါ်တာတောင် မစားဘူး အတင်းငြင်းနေတဲ့သူက အခုလည်းမစားပဲနေပါ့လား။ အလုပ်ကမပြီးရတဲ့ထဲ သူ့နားအညည်းပါခံနေရတယ်။ ကိုယ့်ဘာကိုယ်သွားစားပါဆိုတာလည်း..အမေ့..ဘာ..ဘာလုပ်တာလဲ..အောက်ချပေးအသွင်ရှင်း..အောက်ချပေးလို့.."

ကွန်ပျူတာကိုကြည့်ပြီး သူ့ကိုပြောနေရင်းတန်းလန်းကနေ ရုတ်တရက် ​ဒူးခေါင်းအောက်က လက်တဖက်တိုးဝင်လာကာ ခုံကိုနောက်ဆွဲ၍ လည်ဂုတ်နားကို တခြားတဖက်ဖြင့် ဖက်တွယ်ခံလိုက်ရပြီး ခန္ဓာကိုယ်ကမြောက်တက်သွားသလို ခံစားလိုက်ရသည်။ ဘာဖြစ်သွားတာလဲဆိုတာကို သတိထားမိခါမှ ပွေ့ချီခံလိုက်ရမှန်းသိသွားပြီး အောက်ချပေးဖို့ပြောနေရပြီ။ တကယ်ပဲ..လူတွေအများကြီး ကြည့်နေတာကို ဘာတွေလုပ်လို့လုပ်မှန်းမသိဘူး။

"သွင်စိတ်မရှည်တတ်တာ သိရက်သားနဲ့ ငယ်ကစကားအများကြီးလာပြောနေတာကို..
ရုန်းနေရင်လွတ်ကျသွားလိမ့်မယ်နော်..အောက်ကတမံသလင်းကို ဘာမှတ်နေလဲ။ ​အော်နေလည်းအပိုပဲမလို့ ငြိမ်ငြိမ်လေးပဲလိုက်ခဲ့.."

သူ့စကားကိုများ နားထောင်စရာလား..ထမင်းစားခန်းထဲ ရောက်သည်ထိ ရုန်းရင်းကန်ရင်းနဲ့ပဲ ပါလာရသည်။ လွတ်ကျဖို့ပြောနေသည့်သူက ကိုယ်ရုန်းနေတာတောင် ဟန်ချက်မပျက်သွား..တမင်ခြိမ်းခြောက်နေတယ်ဆိုတာ သိသားပဲ။ သူလုပ်ချင်ရင် လူရှေ့သူရှေ့မရှောင် တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်က အခုထိမပျောက်သေးဘူး။
အခန်းထဲရောက်မှ ထိုင်ခုံပေါ်ချပေးကာ သူကဘေးမှာဝင်ထိုင်သည်။

NephophileOnde histórias criam vida. Descubra agora